Part (31)

6.8K 351 142
                                    

[Unicode]

"ငါက မကောင်းဘူးမဟုတ်လားမောင် ဟင့်! ငါကမကောင်းဘူးမဟုတ်လား.. "

ပွေ့ဖက်ထားသည့်ကြားကနေရုန်း၍ သူ့ကိုမော့ကြည့်ကာ မေးလာသောသက်လျာ။ မောင်ကဒီမေးခွန်းကို ‌ရင်နာနာနဲ့ဘယ်လိုဖြေရမလဲဂျွန်။ မင်းကိုမောင်အဲ့လိုမျိုးတွေ တစ်ခါမှမတွေးပါဘူးကွာ။

"ဂျွန်..ဘာလို့အဲ့လိုအတွေးတွေ လျှောက်တွေးနေရတာလဲ မင်းရဲ့မောင်က မင်းကိုသိပ်ချစ်တာလေ.. "

"ဟင့်! ငါက.. "

"ရူးး.. "

ထပ်ထွက်လာမဲ့စကားတွေကို နူတ်ခမ်းပါးနှင့်တားလိုက်မိသည်။ သူ့ကို ထို၀မ်းနည်းသောမျက်၀န်းတွေကအခုထိကြည့်နေဆဲပါပင်။ နောက်တော့ ပွေ့ဖက်ထားသော သူ့လက်တွေကြားငိုပြန်ပါရော။

ထိုမျက်နှာလေးအား လက်ညိုးနှင့်လက်မသုံး၍မေးဖျားမှ‌ဆွဲယူမော့စေသည်။ ဂျွန့်မျက်နှာနှင့် သူ့မျက်နှာဟာ တစ်စင်တီမီတာလောက်တောင် အကွာအဝေးမရှိပေ။ စူးစိုက်၍ကြည့်ပါသော မျက်လုံးတွေကိုမှိတ်ကာ ငိုပြန်ပါ၏။

ကော့စင်းနေသော မျက်တောင်စိပ်စိပ်တွေကြားမှ ကျလာသော မျက်ရည်တွေကြောင့်ဖွဖွလေးသုတ်ပေးရင်း ထိုမျက်ခွံတွေပေါ်သာသာလေးဖိ၍နမ်းမိသည်။ မောင့်အသက်က ဒီလိုမျိုးအတွေးများမှန်းသိခဲ့ရင် မောင်ကအစထဲက မပြောခဲ့ပါဘူး။

"ဂျွန်..မောင့်အသက် ထပ်ပြီးငိုနေရင်မောင်တကယ်စိတ်‌ဆိုးမှာ.. "

"ဟင့်! မငိုတော့ဘူး..ဟင့်!"

ရိူက်သံနှင့်အတူပြောလာသော သက်လျာလေးက ကလေးကျနေရော။ စိတ်ဆိုးမယ်ပြောလို့တဲ့ မျက်နှာကမျက်ရည်တွေကို ကပြာကယာသုတ်လေတော့သည်။ အသဲယားလွန်းလို့ အာပေတူးလေးရဲ့မျက်နှာပြင်တစ်လျှောက်ကို တစ်ဖွဖွနမ်းတော့ ယားလို့ထင်သည်ရုန်းပါ၍လေ။

"မောင်ကတောင်းပန်ပါတယ်.. "

"ဟင့်အင်း၊မောင့်အမှား.. "

"မောင့်သက်လျာ.. " [Completed]حيث تعيش القصص. اكتشف الآن