Part (23)

7K 390 40
                                    

[Unicode]

မောင်က သူ့ကိုဓါတ်လှေကားပေါ်သို့တင်ပေးလိုက်သည့်အချိန်ထိ အရာအားလုံးဟာ အေးဆေးပါပင်။ သို့သော်ရုတ်တရက်ဆိုသလို ကျယ်လောင်သော အသံကြီးနှင့် ဓါတ်လှေကားကြီးဟာ အောက်သို့ထိုးကျသွား၏။ထိုထဲ၌လဲ သူတစ်ယောက်ထဲပဲရှိသည်မို့ ကြောက်ရွံ့လာရသည်။

ဗိုက်ကလေးအားထိန်းကိုင်၍ တစ်မှိတ်မှိတ်ဖြစ်နေသော ထိုအတွင်းထဲ၌ကြောက်တာထက်ကိုပိုလာရသည်။ အခုချိန်၌မောင့်ကိုလိုအပ်သည်။ မောင့်ကို..

ဟန်ချက်မညီပဲပြုတ်ကျသွားသော ဓါတ်လှေကားကြောင့် သူ့ရဲ့ခါးဟာ ဓါတ်လှေကားစောင့်နှင့် ရိုက်မိ၏။ ထိုအချိန်ကနေပင် ‌နောက်ပိုင်းကို သူဘာမှမသိတော့ပါပေ။ ဗိုက်‌ကလေးအားထိန်းကိုင်၍ မောင်အမြန်ဆုံးလာခေါ်ဖို့သာ ဆုတောင်းနေမိ၏။

"ဘာမှမဖြစ်ရဘူး..ပါးပါးဆိုတာ ရှိသရွေ့ မင်းဘာမှမဖြစ်စေရဘူး ပါးပါးကတိပေးတယ် ကလေးလေး.. "

ကိုယ့်ကိုကိုယ် ရေရွတ်မိ၍ ထိုနောက်တော့ အရာအားလုံးဟာ ကြောက်ရွံ့ခြင်းတွေနှင့် အမှောင်ဖုံးသွားတော့သည်။ "မောင်မလာသေးဘူးလား.."ဆိုတဲ့မျှော်လင့်ချက်လေးနှင့်သာ မျက်လုံးတို့မှိတ်စက်သွားရသည်။

====================

"လူနာက ကြောက်လန့်ပြီး မေ့သွားတာပါ..ရိုးရိုးသွေးယိုစိမ့်‌တာမို့ ဘာမှစိုးရိမ်စရာမရှိပါဘူး..ခါးကလဲ ပြင်းပြင်းထန်ထန်မဟုတ်လို့ စိုးရိမ်စရာသိပ်မရှိပါဘူး..ကလေးကိုလဲ ထိခိုက်ထားတဲ့တစ်စုံတစ်ရာမရှိတာမို့ လူနာကသတိပြန်ရလာရင် ဆေးရုံဆင်းလို့ရပါပြီ.."

ဆရာ၀န်မဆီက ကြားလိုက်ရမှပင် သူသက်ပြင်းတို့ကိုကောင်းကောင်းချနိုင်၏။ ဂျွန်ရှိသော အခန်းလေးထဲသို့ ၀င်လာလိုက်တော့ အပူပင်ကင်းစွာ အိပ်စက်နေ၏လေ။

"ဘာမှမဖြစ်လို့ပဲဂျွန်ရယ်..မောင့်ရင်တွေဖြင့်နာလိုက်ရတာ.. "

ဂျွန့်ရဲ့နဖူးလေးအား ဖိကပ်နမ်းမိကာ ဘေး၌ထိုင်မိ၏။ မင်းဆေးရုံတက်တာကိုမြင်လိုက်ရတိုင်း မောင့်ရင်တွေကဘယ်လောက်တောင်နာကျင်လိုက်ရလဲကွယ်။ အမြန်ဆုံးသတိရလာပါတော့။ မောင့်ကိုထပြီး စကားတွေပြောပါတော့။

"မောင့်သက်လျာ.. " [Completed]Where stories live. Discover now