[Unicode]
မြဲစွာသော အိမ်ထောင်ဖက်၏ လက်ကိုတွဲလျက် ဘူဆန်လမ်းလေးကိုလျောက်ရသည်မှာ ပို၍ပျော်စရာကောင်းနေဟန်။ ဘေးနားက ဂျွန့်ကိုကြည့်တော့လဲ ပြုံးရယ်၍ အခုမှအပြင်သို့ထွက်ရသော ကလေးတစ်ယောက်လို။
"ပျော်လား.."
"အင်း..အရမ်းပျော်တယ်.."
မောင်ကပြောလဲပြော ဆုပ်ကိုင်ထားသော ကျနော့်ရဲ့လက်တို့ကိုလဲ long coatအရှည်ကြီးထဲသို့ထည့်ထားပေးသည်။
"မအေးပါဘူးမောင်ရဲ့.."
"မအေးလို့ ဒီလက်ပိစိလေးတွေက အေးစက်နေတာလား.."
"မောင်နော်..လက်ပိစိလေးမဟုတ်ပါဘူး.."
"ပြပါဦး..လက်ပိစိလေးဟုတ်လား၊မဟုတ်လား..."
လက်ကိုထောင်ပြတော့ ဂျွန်ကဆုပ်ကိုင်လိုက်သည်။ ဆုပ်ကိုင်ပြီး သူ့လက်လေးကိုကြည့်ပြီးအားမရဟန် ဘဲပေါက်လေးတစ်ကောင်လို နူတ်ခမ်းလေးးက ရှေ့ကိုထွက်လာ၏။
ဂျွန်မသိအောင် လစ်ခနဲခိုးပြုံးပြီးရယ်မိတော့ မျက်စောင်းပိစိလေးနှင့်အတူ ဆူပုတ်ပုတ်အသံလေးကလဲထွက်လာချေသည်။
"ဟွန့်! မောင့်လက်ကြီးက သူ့ဘာသာကြီးနေတာပါနော်.."
"ကလေးလက်လေးနဲ့.."
"မောင်နော်..! "
"ဟဟ.."
"မရယ်နဲ့လို့.."
"စိတ်မကောက်ပါနဲ့အချစ်ရဲ့၊မောင့်ရဲ့ကလေးလက်ပိစိလေးကို မောင်ကပိုပြီးချစ်တယ်ကွယ်..မင်းရဲ့အရာတိုင်းကိုမြတ်နိူးသူမို့ ဘာမှအလိုမကျဖြစ်မနေနဲ့.."
"ပြီးရော.."
"အဲ့ဘဲနူတ်ခမ်းလေးက ထပ်ပြီးဆူထားရင် လမ်းလဲမရှောင်ဘူးနော်.."
သူပြောတော့ ဂျွန်ကလက်မောင်းကိုခပ်ဆတ်ဆတ်ရိုက်ရင်း ပြောသည်။
"မောင်နှာဘူး..အားနေ၊နမ်းမို့ပဲသိတယ်.."
"ဟော.."
"အဲ့မှာ တစ်ယောက်ထဲလျှောက်ခဲ့.."
အရှေ့က ကော့ပတ်ရုပ်လေးလိုထွက်သွားတဲ့ကောင်လေးနောက် အနောက်ကကောင်လေးမှာလဲပြေးလိုက်ရင်း..ပတ်၀န်းကျင်ကိုတောင် မေ့နေကြခဲ့ကြပါသည်။ အခုမှသူတို့က ချိန်းတွေ့ဖူးတဲ့ရည်းစားတွေလို။ စနောက်လိုက်၊ရယ်မောလိုက်၊စိတ်ဆိုးလိုက်ဖြင့် အလုပ်တွေရူပ်နေကြလေရဲ့။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️