[Unicode]
"ကင်မ်ဂျောင်ကုရှီး..အိပ်ရာပေါ်လာမယ်၊သံလွင်ဆီလူးမယ်.. "
အသံလေးတစ်ချက်ဟစ်လိုက်တော့ ရောက်လာပါပေသည်။ သို့သော် လက်တစ်ဖက်က မုန့်ထုပ်ကိုကိုင်ထားပြီး နောက်တစ်ဖက်ကဖုန်းကိုအကြည့်မပြတ်။ အခုဆို သူတို့က အရင်အိမ်မှာမဟုတ်ပဲ၊အသစ်၀ယ်ထားသော အိမ်၌သာ။
အိမ်အဟောင်းလေးကို စေတနာကြီးမားသူလေးက ဟာရူတို့ကိုပေးလိုက်ပါတဲ့လေ။မပေးဘူးပြောရင်လဲ တွန့်တိုသည်ဖြစ်ဦးမည်ဆိုးတာကြောင့် သူ့မှာလိုက်လျောရပြန်၏။
အခုလဲကြည့်!အဲ့အဆိုးလေးက အခုထိသူ့ကိုမကြည်သေး။သူ့သားနဲ့သူ့ကို (၃)နှစ်ပဲအိမ်ခိုင်းမယ်ဆိုလို့လေ။ (၃)နှစ်ကြီးတောင် ဒီကောင်က ရက်ရောထားတာ တော်ရောပေါ့။ ဒါကို အထွန့်ကတက်ချင်သေးသည်။ဒီပေါက်စက။
"အဲ့မုန့်ကို ချလိုက်ပြီး ဒီမှာလာလှဲပါ.."
မောင်က အိပ်ရာပေါ်၌ ပျဉ်မခွေထိုင်ရင်း သူ့အားပြော၏။ လက်ထဲ၌လဲ သံလွင်ဆီဘူးကို ကိုင်ရင်းပေါ့။
"သိပါတယ်.. "
ဒူးအထက်လောက်ရှိသော ဂါ၀န်ဆန်ဆန်တီရှပ်အပွကို ၀တ်ထားသောသူ။ အောက်ကအနက်ရောင်ဘောင်းဘီတိုလေးနှင့်ပေါ့။ နို၀င်ဘာရောက်နေပြီမို့ အပြင်က ချမ်းအေးအေးဖြစ်နေလေပြီ။ ဒါကိုပင် အတိုလေးတွေ၀တ်တုန်း။ သူတော်လို့ပါပေ။ အိမ်ထဲ၌ အပူပေးစက်တွေတပ်ထားလို့ရယ်။
အိပ်ရာပေါ်သို့ ပက်လက်လေးလှဲပေးပေမဲ့ နူတ်ခမ်းကတော့ ဘဲပေါက်စလိုဆူပုတ်ဆဲပင်။
"အဲ့နူတ်ခမ်းက ထပ်ပြီးထော်နေရင် သွေးထွက်အောင် နမ်းပစ်မှာနော်.. "
"ဟွန့်! နှာဘူးကြီး "
ပါးစပ်လေးအား လက်နှစ်ဖက်နှင့်အသဲအသန်အုပ်၍ မျက်စောင်းထိုးလေ၏။ မောင့်ရဲ့ဂျွန်က ကလေးတောင်ရတော့မယ်။ အခုထိ ကလေးစိတ်ကမပျောက်သေးသောရယ်။
"ကဲ..ဒယ်ဒီရဲ့သားလေးရေ မောနင်းနော်..မွ"
ဗိုက်အား တစ်ဖွဖွနမ်း၍ သားအားပြောနေသော မောင့်ကို တကယ်ကြည့်မရ။ သူ့ကိုကြတော့ မနက်မိုးလင်းထဲက morning kissမပေးဘဲ သူ့သားကြ အမှတ်ရပါ့။

STAI LEGGENDO
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️