[Unicode]
"မောင် ရုပ်ရှင်လောကက နားလိုက်ပြီ.."
"မောင်! "
အနားသို့လျှောက်လာ၍မောင်က သူထိုင်နေသော အိပ်ရာနောက်တွင်၀င်ထိုင်သည်။ သူ့မှာတအံ့တဩကိုဖြစ်လို့။ မောင်ပြောတဲ့ သီးသန့်လက်ဆောင်ဆိုတာကဒါလား။ မဟုတ်သေးပါဘူး။ မောင်ဘယ်လောက်ထိအနုပညာလောကကိုချစ်လဲသူသိသည်။
သူပြောသောစကားလေးကြောင့် ဂျွန်ကအထိတ်တလန့်နှင့် ဂျွန့်ပေါင်ပေါ်တွင်ထိုင်နေသောသားကလဲ ငြိမ်သက်ပြီး သူ့စကားတို့ကိုနားထောင်နေသည်။ သူကတော့ပြုံးပြုံးလေးနှင့်သာ။ ဂျွန်အနောက်က အိပ်ရာဘေးသို့၀င်ထိုင်တော့ လည်ပြန်လေးကြည့်လာပြန်၏။ ဘာမှမပြောပဲ အိပ်ရာပေါ်၌သာ ပက်လက်လှဲလိုက်သည်။
"အာ့ဆို ဒယ်ဒီကအလုပ်သွားတော့ဖူးလားဟင်.. "
"ဒါပေါ့ သားရဲ့.. "
"မောင်ဘာတွေ- "
"နောက်ကျမောင်ပြောပြမယ်..သားအိပ်လိမ့်မယ် "
မောင်ပြောတာကို သူနားလည်သည်။ နောက်မှ မောင့်ကိုသေချာမေးရမည်ဟု ဂျွန့်စိတ်ထဲလဲ တေးထားမိသည်။
"လာ ယောင်းအိပ်ရအောင်.. "
"ဟုတ်ကဲ့ပါးပါး..ဒယ်ဒီ မွ! "
ဂျွန်လှဲနေသော ရင်ခွင်ထဲသို့အရင်မလာခင် သူ့ဒယ်ဒီကိုအရင်သွားနမ်းပြီးမှ ရင်ခွင်ထဲ၀င်လာ၏။ အချွဲလေးက သူ့ဒယ်ဒီဆိုတအားဖြစ်တာ။ ရင်ခွင်ထဲရောက်လာမှ ဂျွန်လဲ သားဘက်သို့ကိုယ်စောင်းလိုက်ကာ ခေါင်းလေးပွတ်ရင်းသိပ်လိုက်သည်။ မောင်ကတော့ ဂျွန့်အနောက်မှာ ပလက်ကြီးနှင့် ဖုန်းကြည့်နေလေရဲ့။
"ဝါးးးပါးပါး ယောင်းကိုနမ်းဦးလေ.. "
"အတတ်လေးရဲ့ နမ်းမှာပေါ့.. "
အိပ်ချင်မူးတူးအသံနှင့်ထွက်လာသော ကလေးပေါက်ကိုအသားယားလို့မဆုံးနိုင်။ ပါးဖောင်းဖောင်းလေးကို နစ်၀င်သွားအောင်နမ်းမိတော့ ထွက်လာသော ဘီစကစ်အနံ့လေးတွေ။ အစားပုတ်လေးကသွားတိုက်ပြီးတာတောင် ခိုးစားထားတာနေမှာ။
ဒီလိုနှင့် အသက်ရူသံမှန်မှန်နှင့်အိပ်ပျော်သွားတော့မှ စောင်လေးကိုသားရဲ့ရင်ဘတ်ပေါ်ထိဆွဲခြုံပေးလိုက်သည်။ နောက်တော့ ဂျွန်လဲ မောင့်ဘက်သို့လှည့်၍ မောင့်ရင်ဘတ်ပေါ်ခေါင်းတင်ကာ မောင့်ခါးကိုဘေးတစ်စောင်း လှဲ၍ဖက်ထားမိသည်။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️