Part (26)

5.9K 329 22
                                    

[Unicode]

တစ်နေရာသွားရအောင် ဆိုပြီး မောင်ခေါ်လာသော နေရာသည် ဆေးရုံတစ်ခုသို့။ ‌ဘာလို့မောင်က ဒီကိုလဲ။

"မောင်ဘာလို့ ခေါ်လာတာလဲဟင်.. "

မောင်ကဘာမှပင်မပြော ဆေးရုံတွင်းထဲသို့ ခေါ်သွားသည်။ ကောင်တာ၌ ဘိုကင်တောင် လုပ်ထားသည်ထင်ပါ့။ရောက်လာသည်နှင့် nurseက သူတို့နှစ်ယောက်ကိုဦးဆောင်ခေါ်သွားသည်လေ။

untarlsoundဆိုသော အခန်းရှေ့က ဆိုင်းဘုတ်‌ေလးကြောင့် သူ့ခြေထောက်တို့ရပ်တန့်သွားရ၏။ ဘာလို့ခေါ်လာလဲဆိုတာလဲ သဘောပေါက်ချေပြီ။

"မောင်.."

"မောင့်အသက်ကိုယ်၀န်က (၅)လကျော်ပြီး (၆)လထဲတောင်ရောက်လာပြီလေ..မောင်က သားယောကျာ်းလေးလား သမီးမိန်းကလေးလား သိချင်ပြီ.. "

လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောလာသော မောင့်ရဲ့စကားတို့သည် လေးနက်သည်။ မောင့်ကိုလဲ မျက်၀န်းသိမ်သိမ်လေးတွေနဲ့ပြန်ကြည့်မိသည်။ ဟုတ်ပါသည်။ မောင့်ကိုသာမပြောခဲ့တာ။ ကိုယ်တိုင်ကလဲ အစထဲကသိချင်နေခဲ့သူဖြစ်သည်။

မောင့်ကိုခေါင်းငြိမ့်ပြ၍ ထိုအခန်းလေးထဲသို့ nurseနှင့်အတူ ၀င်သွားသည်။ မောင်ကတော့ နေခဲ့ရသည်ပေါ့။

ဂျွန့်ကို ဆေးရုံသို့ခေါ်လာမိသည်။ ဘာလို့ဆို အစောထဲက ရိုက်ခိုင်းမို့ကို လမစေ့သေးတာရယ်၊ ပြသနာလေးတွေဖြစ်သွားတာကြောင့် တွန့်ဆုတ်နေခဲ့တာပင်။ မေမေကလဲ ဖုန်းဆက်၍ပင်ပြောသည်။ကိုယ့်နိုင်ငံမှာထက်ပြည်ပကပို၍ အဆင့်မြင့်သည်မို့ ဒီမှာပင် တစ်ခါထဲရိုက်ခဲ့ခိုင်းလေသည်။

စမ်းသပ်ကိရိယာလေးနှင့် စမ်းသပ်နေသောဆရာ၀န်မက သူ့ကိုပြုံးပြ၏။ ဆရာ၀န်မက ကိုရီးယားလူမျိုးပင်ဖြစ်လို့ စကားပြောဆိုရာက မခက်ပါပေ။ သဘောလဲ ကောင်းလှ၏။

"ကြားရလား..ကလေးလေးရဲ့နှလုံးခုန်သံကို.."

ထိုဗိုက်ဖောင်းဖောင်းလေးပေါ်ကို ဖိနိပ်၍စမ်းသပ်လိုက်ပါတော့ ဒုတ်*ဒုတ်*ဒုတ်* နှင့်ကြားရသောအသံသေးသေးလေး။ ထိုအသံလေးတို့ကြောင့် မျက်ရည်တို့ပင်ဝဲလာရသည်။

"မောင့်သက်လျာ.. " [Completed]Hikayelerin yaşadığı yer. Şimdi keşfedin