[Unicode]
"ယောင်းရေအိပ်မယ်လို့.."
"ခစ်ခစ် အိပ်ဖူး..ဘူးး"
လျှာထုတ်ပြီးပြောင်ပြကာ အခန်းတွင်းပတ်ပြေးနေသော ဒီကလေးကိုသူ့မှာလိုက်ဖက်ရင်းမောလို့။ (၂)နှစ်ကလေးနှင့် ညာဏ်ကောင်းလွန်းတဲ့သားက နာရီကိုပင်ကြည့်တတ်နေပြီ။ ဒါကြောင့်ပင်လှည့်လို့လဲမရ။ လိမ်နေရင်လဲသိတာမို့ ခက်ရပေသည်။
"ယောင်းရေ ၈နာရီထိုးတော့မယ်လေနော်..အိပ်ရအောင်နော် ပါးပါးသားလေးက လိမ်မာပါတယ်.."
"ပါးပါးလိမ်ပြောတာ လက်တံအရှည်ကြီးက ၆မှာပဲရှိသေးတာလေ ၇နာရီခွဲပဲရှိသေးတာ!"
အသံဆာလေးလေးသည် အခန်းတွင်းပျံ့လာသည်မို့ မရယ်မိအောင် မနည်းထိန်းလိုက်ရသည်။ အဲ့ငလည်လေးကိုတော့လေ..
"မအိပ်ရင် ဒယ်ဒီ့ကိုသွားခေါ်တော့မှာ.."
"အိပ်မယ်လို့.."
တံခါးနားလေးနားသွား၍ လက်ကိုင်လေးအားကိုင်ပြလိုက်တော့ ချက်ချင်းကိုအိပ်ရာပေါ်တက်သွားပါသောလေ။ မောင်က အရမ်းအလိုလိုက်ပေမဲ့ ဆုံးမသင့်တဲ့နေရာလဲ ဆုံးမသည်မို့ဒီကလေးက မောင့်ကိုသိပ်ချစ်ပြီး ကြောက်လဲကြောက်သည်။ ကြောက်သည်ဆိုတာ မောင်ဆူမှာကိုမဟုတ်။ စိတ်ဆိုးသွားမှာကိုတဲ့။တကယ့် အတတ်ကလေးရယ်။
သူ့ထက်ကို သဲသဲကဲကဲပိုနေကြတာ။
ခေါင်းလေးအားပွတ်ပေးတော့ တစ်ဖြည်းဖြည်းနဲ့မျက်တောင် ရှည်ရှည်လေးတွေကဆင်းကျလာသည်။ တစ်ဝါးးဝါးးးသမ်းရင်း လက်သေးသေးလေးတွေက သူ့အင်္ကျီကိုဆုပ်ကိုင်လာတော့၏။ ဒါကအိပ်တော့မည့်ဆိုသော သဘောပင်။
ရွှတ်*
"အိပ်ချင်နေတာကို အဆိုးလေးအဆော့မက်နေတယ်"
ပါးဖောင်းဖောင်းလေား နစ်၀င်သွားအောင်နမ်းရင်း အခန်းတွင်း အပူချိန်ကို ညှိပေးခဲ့လိုက်သည်။ စောင်ကိုရင်ဘတ်ထိဆွဲခြုံပေးရင်း သူကတော့မအိပ်သေးပဲ စာကြည့်ခန်းကမောင့်ဆီသို့ဦးတည်လျက်။
"မောင်..."
"အင်း"
မောင်ကသူ့ကိုမကြည့်ပဲ laptopရဲ့ screen ကိုကြည့်ကာဖြေ၏။ ဒီမောင်ကဘာတွေများရူပ်နေလို့ပါလိမ့်။ တံခါးအားဖွဖွလေးပိတ်၍ မောင်ထိုင်နေသော ထိုင်ခုံနားအားသွားရပ်လိုက်သည်။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️