[Unicode]
Jeonဆိုသည့် ကုမ္ပဏီထဲသို့ ခြေလှမ်းလှမ်းခပ်ကျဲကျဲဖြင့် ၀င်လာသော ဤအမျိုးသား။ ကုတ်အရှည်အမဲကို ၀တ်လျက်ဒီအမျိုးသားဟာခန့်ညားသည်။ ပြည့်စုံသည်။ မျက်နှာကိုခပ်တည်တည်ထားလျက် ဘယ်အရာကိုမှဂရုမစိုက်ဟန်ရှိသော ဒီအမျိုးသားသည် ဘေးကပါလာသော ဗိုက်ပူပူလေးနှင့်ကိုယ်၀န်သည်လေးကိုတော့ အရိပ်တကြည့်ကြည့်ဖြင့်။
ခြေလှမ်းတွေဟာ လိုရာရုံးခန်းသို့ဦးတည်သွားနေသောမောင်။ မောင်ဟာ တည်ကြည်ပါ၏လော။ မျက်နှာဟာ လုံး၀တစ်ချက်မရယ်သွားသလို။အပြုံးတို့ဟာလဲ မရှိပေ။ အိမ်မှာနှင့် ကုမ္ပဏီမှာ မောင်ဟာ လုံး၀တစ်ခြားတစ်ယောက်လို ကွဲပြားသွားသည်။ သူ့အပေါ်တော့မဟုတ်။ အများအပေါ်၌။
"ရှယ်ယာရှင် အားလုံးကိုစုဝေးပေးပါ.."
မန်နေဂျာမိန်းကလေးသို့ပြောလိုက်သောမောင်။ မောင်ဘာတွေလုပ်ဦးမို့လဲ သူမသိတော့။ တကယ်တော့ အခုအခြေနေကိုလဲ သူတကယ်စိတ်မ၀င်စားပါ။ အရင်က ဦးစီးခဲ့ပါသောသူကောဟုတ်ရဲ့လားမသိ။ အခုတော့ ကိုယ်၀န်ကြောင့်ပဲလား မပြောတတ်ပေ။
လုပ်ချင်စိတ်ထက် စားချင်စိတ်ပဲရှိတော့သည်။
"ဂျွန်စားချင်ယူစားလေ.."
"ဟင်... "
အရှေ့က ချထားသောဘီစကွတ်ပန်းကန်သို့ အကြည့်မခွာသော ဂျွန်သည်စားချင်နေသည်ဆိုတာ သိသာလွန်း၏။ ဒီကိုယ်၀န်သည်လေးက အစားပုတ်လေး။အခုလေးတင် အိမ်က ထမင်းကြော်စားလာသည်ကို။
သူပြောပင်မဲ့လဲယူမစားသောဂျွန့်ကြောင့် ထိုမုန့်လေးအားယူကာ ဖောက်ပေးလိုက်သည်။ ထိုသို့ကြမှ ဟီးခနဲရယ်ပြ၍ စားလေ၏။ တကယ် ကလေးကြနေပါရော။ မောင့်အမျိုးသားလေးက။
"ဒီတော့..ရှယ်ယာရှင်တွေ အနေနဲ့ပြောချင်တာရှိရင် ကျနော့်ကိုပြောပြပါ.."
ရှယ်ယာရှင်အစည်းဝေးပွဲ၌ အစည်းဝေးလုပ်နေကြပါသော သူတို့။ မောင်ကဦးစီး၍ သေချာရှင်းပြနေသည်။ ဘယ်တုန်းက မောင်ကသူ့အလုပ်ကြောင်းတွေနားလည်သွားရတာလဲ။ အဲ့လိုကျနော့်အမျိုးသားဟာ လုံး၀ perfectပါဆို။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️