[Unicode]
တစ်ချက်ချက်နှင့် အကုန်မြန်နေပါသော နာရီလက်တံလေးသည် သန်းခေါင်ချိန်သို့ရောက်ချေပြီ။ ကိုယ့်အမျိုးသားဟာ အခုထိပြန်မရောက်သေးသည်မို့ သူ့မှာအိပ်ရာပေါ်၌ပင် ကျောပင်ဆန့်ဆန့်မလှဲနိုင်။
ဒီမောင်ဟာ ဘာလို့အဲ့လောက်နောက်ကျရတာလဲ။ ခေါင်းထဲမှာ အတွေးတွေက တစိုးတစနှင့် စိတ်ကောက်ချင်လာ၏ သူဟာအခုဆို လူလွတ်လဲမဟုတ်။ မပေါ့မပါးကြီးနှင့်လေ။ တစ်ရက်တစ်လေဆိုတာမှန်ပေမဲ့လဲ မောင်ကသိသင့်ဖို့ကောင်းပါသည်။
အတွေးတို့နှင့် သူ့မှာ မပေါ်တပေါ်ဖြစ်နေပြီဖြစ်တဲ့ ဗိုက်ကလေးအားပွတ်၍သက်ပြင်းတို့ အခေါက်ခေါက်အခါခါ ချနေမိသည်။
"ကင်မ်ဂျောင်ကု! ဘုန်း*ဘုန်း* ကင်မ်ဂျောင်ကု! "
ညလူခြေတိတ်ဆိတ်ချိန်ကို ဖြိုခွင်းလိုက်ပါသော ထိုအာလေးလျှာလေးအသံ။ ပိစိလေးပဲ သောက်မယ်ပြောတဲ့သူက အခုဖြင့်ခြားနားစွာ။ အတော်ရေချိန်ကိုက်လာတာပဲ။
သူ့မှာ အောက်ထပ်သို့ဆင်းလာတော့ ဟာရူက အခန်းထဲကအိပ်ချင်မူးတူးဖြင့် ထွက်လာသည်။ သူလဲအသံကြားလို့ဖြစ်မည့်ထင်။
"အဲ့တာက ဘယ်လိုဖြစ်လာတာလဲမောင်.."
"အော်...မောင့်အချစ်ရယ်..တစ်ရက်တစ်လေထဲကို.. "
အိမ်ထဲမ၀င်ရသေး။ တံခါး၀ရှေ့ လက်ပိုက်ကာ နူတ်ခမ်းဆူပြီး မေးနေသော တံခါးစောင့် အိမ်ဦးနတ်လေးကို သူ့မှာ သတော်ဦး တင်ရသေးသည်။
"ဟုတ်ပါပြီ..မွှန်ထူနေတာပဲ အရက်နံ့တွေက.."
"အဲ့တော့ မချစ်ဘူးးလား.."
"မချစ်ဘူး..လာအိမ်ထဲ၀င်တော့.."
တော်ပါသေးသည်ပဲပြောရပါမည်။ ယိုင်ထိုးနေသည့် အခြေနေမဟုတ်လို့။ လမ်းတော့ကောင်းအောင်လျှောက်နိုင်ပါသေးသည်လေ။
ဟာရူက အခြေနေကိုကြည့်ကာ တွဲစရာမလိုဘူးဟု ယူဆ၍ ပြန်၀င်သွားလေ၏။ သူနှင့်မောင်လဲ အခန်းထဲသို့တက်လာခဲ့လိုက်သည်။
"ဂျွန်.. "
ပခုံးနှစ်ဖက်အား လက်ဖြင့်ဆုပ်ကိုင်၍မောင်က ကုတင်ခြေရင်း၌ ထိုင်ခိုင်းသည်။

VOCÊ ESTÁ LENDO
"မောင့်သက်လျာ.. " [Completed]
FanficTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️