Part (3)

8K 522 80
                                    

[Unicode]

"မင်းမောင့်ကို အရွဲ့တိုက်နေတာလား ဂျွန်..! ဟမ်"

စစရောက်ချင်း အော်ပြောလိုက်သော မောင့်ရဲ့အသံဟာ ဆူးခနဲ။ ဘာမှမပြောမိသလို မောင့်ကိုသာစိုက်ကြည့်နေမိသည်။ ဒါပြောမို့ လိုက်လာတယ်ဆိုရင်တော့ မောင်ပြန်လိုက်တော့။

"ဒုန်း! "

သူ့အရှေ့ကဂျွန်ဟာ တံခါးကိုဆောင့်၍ပိတ်ပစ်လိုက်သည်။ ကျစ်! အမြဲအဲ့လိုတစ်ယောက်ထဲ ဖြေရှင်းချင်တိုင်းဖြေရှင်းလို့မှမရတာ။

"အခု ချက်ချင်းတံခါးကိုလာဖွင့်ဂျောင်ကု.. "

"ထွက်သွား..! "

"ကျစ်! ဘာလို့ မောင့်ကိုလာပြီး မရင်ဆိုင်နိုင်ရတာလဲ..ဘာလို့အမြဲ တစ်ယောက်ထဲဖြေရှင်းချင်နေရတာလဲ..ဟမ်! မောင်က မင်းယောကျာ်းပါ! မင်းလင်ငယ်မဟုတ်ဘူး.. "

"မောင်!! "

ထိုသို့ပြောတော့ တံခါးကိုဆတ်ခနဲလာဖွင့်ပေးသည်။

"မောင်ဘာဖြစ်ချင်နေတာလဲ.. "

"အဲ့တာမင်းကိုမေးရမှာ! ဘာကိစ္စအိမ်မပြန်နိုင်ရတာလဲ..မင်းမောင့်ကိုဘာဖြစ်စေချင်နေတာလဲ.. "

ပြောပြောဆိုဆိုနှင့် အခန်းထဲသို့၀င်လာ၍ မောင်ဟာ သူ့ပိုက်ဆံနှင့် အင်္ကျီတို့ကို ယူပြီး..

"လာပြန်မယ်.. "

သူ့လက်ကောက်၀တ်ကို ဆွဲပြီးပြန်ဖို့လုပ်သည်။

"မပြန်နိုင်ဘူး.. "

"ကင်မ်ဂျောင်ကု! "

ထိုအော်သံကြောင့် သူခန္ဓာကိုယ်လေးမှာ သိမ့်ခနဲ။ ဟိုတယ်အခန်းထဲက လူတွေကမောင့်ရဲ့ အော်သံ‌ ကြောင့် တိုးစိတိုးစိနှင့်ထွက်လာကြသည်။ ရှက်လွန်းတယ်။

ကလေးတစ်ယောက်လိုသာ အော်ငိုလိုက်ချင်တော့သည်။ ဒီအခြေနေကြီးကနေထွက်ပြေးချင်သည်။မနေချင်တော့ဘူး။မောင်နဲ့လဲ မနေချင်တော့ဘူး။ ဒီအခြေနေကြီးကို မလိုချင်တော့တာမို့ အမြန်ဆုံးကင်းလွတ်ချင်သည်။ ဘာကိုမှလဲ မသိချင်တော့ဘူး။

ဓါတ်တိုင်မီးတွေ လင်းထိန်နေသော ဤပတ်၀န်းကျင်။ တေးသွားလေးက ကားထဲ၌ဖွင့်ထားပေမဲ့ သူ့ရဲ့အတွေးတို့က တစ်စိုးတစ်စ။ ငိုထားရသော မျက်လုံးတွေဟာလဲ ပင်ပန်းလွန်းလို့ မဖွင့်နိုင်တော့ပါ။

"မောင့်သက်လျာ.. " [Completed]Onde histórias criam vida. Descubra agora