[Unicode]
မို့တက်နေသော မျက်ရစ်တွေကြောင့် မျက်လုံးကဘယ်လိုမှ ဖွင့်လို့မရခဲ့။ ကိုယ်လေးအား အနောက်သို့စောင်း၍ကြည့်စေတော့ မောင့်အိပ်ရာခင်းဟာ အနည်းမှ ပျက်ယွင်းမူရှိမနေပေ။ အနည်းပူထူသွားကာ ချက်ချင်းပင် ကောက်ထိုင်မိ၏။
"မောင်မနေ့က ပြန်မလာဘူးလား"
သူ့စိတ်ထဲ၌ တွေးလဲတွေး။၀မ်းလဲနည်းလာရ၏။ သူတို့ရဲ့အိမ်ထောင်ရေးတွင် အမြဲစိတ်ဆိုး၊ရန်ဖြစ်တတ်သော်လဲ ဘယ်တော့မှ မောင်အဲ့လိုမလုပ်ဖူးချေ။ စိတ်ထဲ၌ လေးပင်နေ၍ ငိုချင်လာတော့သည်။
"ဟင့်! မောင်.. "
အမှန်ပင်ဆိုလျင် သူ့ကစိတ်ဆိုးရမည်ဖြစ်သည် မဟုတ်လား။ အခုလို မောင့်ဘက်ကပြုမူပြန်တော့ သူ့စိတ်ဆိုးရမည်ထက်၊ ၀မ်းနည်းလာသည်။ မျက်ရည်တွေကျမြဲကျနေသော သူ့အားချော့မည်သူပင်လဲမရှိခဲ့။ မျက်ရည်တွေအား ပြာပြာယာယာသုတ်၍ မောင်ဆိုသော ဖုန်းနံပါတ်လေးအား နိပ်ချလိုက်၏။
"မောင်.. "
"အင်း"
"မောင်အခုဘယ်မှာလဲ.. "
"မောင် Paris ကို fashion show တစ်ခုကြောင့်ရောက်နေတယ်.. "
"ဟမ်?"
"မောင်မနက်ဖြန် ပြန်ရောက်မယ်..မောင်မင်းကိုဖုန်းတွေဆက်နေတာ မင်းမကိုင်ဘူးဂျွန်.."
စိတ်ထဲတွင် ဒေါသတို့ဖြစ်လာရကာ မောင့်ဖုန်းအားချလိုက်မိသည်။မောင်က သူ့ယောက်ျားမဟုတ်ဘူးလား။ဘာလို့များ မတိုင်ပင်ပဲထွက်သွားရတာလဲ။ ပြီးတော့ စိတ်ဆိုးသည့်သူ့ကိုတောင် အလေးမထားပဲနှင့်လေ။
မောင့်ဘ၀အတွက် သူ့ကိုမလိုအပ်တော့ဘူးလား။ ယောက်ျားတစ်ယောက်လို၊တန်ဖိုးထားတဲ့ လူတစ်ယောက်လို မောင်မတိုင်ပင်ခဲ့ဘူး။အဲ့လို လူလွတ်နေချင်လဲ ကိုယ်ဘာသာပဲတစ်ယောက်ထဲနေပါတော့လား ထယ်ယောင်းရှီးး။
သူ့မှာတော့ တစ်ညလေးပြန်မအိပ်လို့ မိုးပြိုသည့်အတိုင်းစိတ်ညစ်နေရသည်။ မောင်ကတော့ ဥရောပဘက်ကို ထွက်သွားသည်တဲ့လား။တိုင်ပင်ခြင်းမရှိပဲနှင့်လေ။

YOU ARE READING
"မောင့်သက်လျာ.. " [Completed]
FanfictionTaehyung×Jungkook Married life ကိုဦးစားပေးရေးထားသည်မို့ အဆင်ပြေမှ ဖတ်ကြပါ။ ❤️🕊️