Part (16)

6.8K 376 52
                                    

[Unicode]

"ဟယ်လို အကိုလား... "

"ဘယ်သူလဲ..! "

ဂျွန့်ရဲ့ဖုန်းကိုဆက်သောသူသည် သူစိမ်းယောက်ျားလေးဖြစ်သည်မို့ သူ့စိတ်တွေပို၍အလိုမကျတော့။

"ဗျာ..အကိုဂျောင်ကုမဟုတ်ဘူးလားဟင်.. "

တစ်ဖက်က ‌ပြန်ပြောသောအသံတို့ကြောင့် ဆုတ်တစ်ချက်သတ်မိသည်အထိ ဒေါသထွက်ရသည်။

"မဟုတ်ဘူး! ငါသူ့အမျိုးသား!မင်းကဘယ်သူလဲ၊ဘယ်ကလဲ ဘာလို့ဂျွန့်ဖုန်းကိုဆက်တာလဲ! "

"‌မေးခွန်းတွေများလိုက်တာဗျာ.. "

"ဘာကွ!"

"ဟင်းးးမောင်~~ "

သူအော်လိုက်သော အသံသည်ကျယ်သွားသည့်ထင်ပါ၏။ အိပ်ရာပေါ်ကဂျွန်သည် လူပ်လူပ်စိစိနှင့်နိုးလာလေရဲ့။

"ဘာဖြစ်နေတာလဲ.. "

အိပ်ရာပေါ်ကနေသူ့အားလှမ်းမေးသည်မို့ သူလဲ ခုနက လာနေသောဖုန်းကိုဂျွန့်ဆီသို့ ပေးလိုက်သည်။

"ရော့..ဖုန်းလာနေတယ် "

"ဟင်..ဘယ်သူ့ဆီကလဲ.. "

"ကိုယ်ဘာသာပြောကြည့်လေ.."

မောင်က ကလေးတစ်ယောက်လိုတစ်ခုခုကိုအလိုမကျဟန်။ သူ့လက်ထဲသို့ဖုန်းကိုထိုးပေး၏။ ဘာဖြစ်နေတာပါလိမ့်။

"ဟယ်လို.. "

"အကိုကျနော် ဟာရူပါ.."

"အော..ဟာရူပြောလေ.. "

အင်္ကျီသာလှဲနေတာ နားကဂျွန့်ထံသို့စွင့်နေမိသည်။ ဒီစိတ်အစုံက ဘာလို့လူကိုမကပ်ပဲ အဲ့‌ဂျွန့်ဆီပဲရောက်နေရတာ‌လဲ။ ဂျွန်ကဖြင့် သူ့ကိုဂရုမစိုက် ရယ်ရယ်မောမောနှင့်စကားပြောနေသည်။

ဘာလို့ တစ်ခြားသူနဲ့အဲ့လောက်တောင် ရယ်မောနေရတာလဲ။ အမြင်ကတ်လိုက်တာ။ တကယ်။ ဒီလူ့ကိုတောင်ပစ်ထားပြီး ရယ်ရယ်၊ပြုံးပြုံးစကားပြောနိုင်တယ်။

"ဂျွန် ‌ထမင်းစားမယ် အဲ့ဖုန်းကိုချခဲ့တော့ "

"ခနလေးပါပဲမောင်ရဲ့.. "

အခုထိလဲတွေ့လား၊အောက်ကိုဆင်းမလာသေးဘူး။အဲ့ဂျွန်ကလေ ကိုယ့်မောင်အကြိုက်လဲမသိဘူး။

"မောင့်သက်လျာ.. " [Completed]Where stories live. Discover now