Part (7)

6.5K 437 44
                                    

[Unicode]

ရင်ခွင်ထဲကအချွဲလေးသည် အဖွားလာပြောသည့်တိုင်အောင် မခွာသေး။ ချော့မော့ကာပြော၍ မျက်ရည်တို့အား သုတ်ပေးကာ..

"အဖွားက ဆူရင်ကောဟင်"

ပေကပ်ကပ်လုပ်၍မသွားချင်နေသော ဂျွန့်ရဲ့အဓိကအကြောင်းရင်းက ဒါဖြစ်နေခဲ့သည်ကို။ ကလေးကျနေရော မောင့်ကြင်နာသူရယ်။

ဟုတ်ပါသည်။ အိမ်ပေါ်ကဆင်းလာတာက သူအပြစ်မို့ အဖွားကဆူပြီးထပ်ငေါက်ရင် သူထပ်ငိုမိဦးမှာ။

"‌ဂျွန့်ကို အဖွားကဘာလို့ဆူမှာတုန်း "

"ငါကအိမ်ပေါ်က ဆင်းလာတာလေ "

"လာပါဗျာ..မဆူပါဘူး..မောင့်အပြစ်ပဲဟာ မောင်ကဂျွန့်ကို မဆူဖို့ပြောပေးမယ်"

"ဟုတ်တယ်မောင့်အပြစ်နော်..ငါထပ်ပြီး အဆူခံရရင် မောင့်ကို စိတ်ကောက်မှာ"

ဆူပုတ်ပုတ်လေးနှင့်ဂျွန်က သူ့ရင်ဘတ်ကို ရိုက်၍ပြောလာသည်မို့ သူမှာရယ်မိသေး။ သူ့ယောကျာ်းကလေးဟာ အခုလိုကလေးဆန်မှန်း သူတကယ်မသိခဲ့ပေ။

"လာအခုတော့သွားရအောင်နော်"

"အွန်းး "

ဂျွန့်လက်လေးအား ဆုပ်ကိုင်ပြီးအောက်ထပ်ကိုဆင်းလာတော့ အဖွားကထိုင်ခုံမှာထိုင်ပြီး ချည်ထိုးနေသည်။

"ဒီအရှေ့ကို လာထိုင် "

"ဟုတ်.."

အဖွားက ချည်လဲထိုးပါးစပ်ကလဲပြောရင်းပေါ့။ သူတို့နှစ်ယောက်လုံး အဖွားရှေ့ထိုင်တော့ အဖွားက..

"အိမ်ထောင်ရေးတစ်ခုဆိုတာ အချစ်နဲ့ပဲ တည်ဆောက်ထားလို့မရဘူးနော်..မင်းတို့က သဘာ၀ကိုလွန်ဆန်ပြီး ယူထားတာမို့ သာမန်အိမ်ထောင်ရေးတွေထက် တစ်ယောက်ကိုတစ်ယောက်ပိုပြီးနားလည်မူထားရမယ်"

ဆူမယ်ထင်ပြီး ကြောက်လာခဲ့တာ။ အခုတော့ အဖွားက သူ့တို့ကို မဆူပဲဆုံးမစကားဆိုနေသည်မို့။ သူတို့မှာ ခေါင်းလေးငုံ့၍နားထောင်နေရသည်။

"အချစ်က အားလုံးအတွက်မလုံလောက်ဘူး..နှလုံးသားနဲ့ချစ်ပြီး ဦးနှောက်နဲ့ နားလည်မူယူရမယ်..နှလုံးသားရဲ့လမ်းကြောင်းကိုလိုက်ပြီး ဦးနှောက်ကိုဆုံးဖြတ်ခိုင်းပါကွယ်..အမြဲတမ်းဘာပဲဖြစ်လာဖြစ်လာ နှလုံးသားကိုပဲ အရင်ဦးစားပေးပါ..ဦးနှောက်နဲ့ မာနဆိုတာကို တွေးပြီးရှေ့တန်းမထားနဲ့၊အကုန်လုံး ပျက်စီးသွားကြလိမ့်မယ်..မင်းတို့ကအခု ဦးနှောက်နဲ့ပဲတွေးပြီး ရန်သတ်နေကြတာ ကိုယ့်နှလုံးသားက ဘာကိုလိုချင်လဲဆိုတာ မစဉ်းစားကြဘူး"

"မောင့်သက်လျာ.. " [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ