Part (29)

6.6K 340 83
                                    

[Unicode]

ဆူညံသံ ရိသဲ့သဲ့တို့ကြောင့် မျက်ခုံးတို့က တွန့်ချိုးချေပြီ။ အခန်းလုံလုံအတွင်း ဆူညံနေသောကြောင့် ဆက်၍အိပ်စက်ဖို့ ‌ဝေးလေ၏။လူပ်ရွလာသောမျက်ခုံးလေးတွေနှင့် ဖြည်းဖြည်းချင်းပွင့်လာပါသော မျက်စံတို့။

အရင်ဆုံးမြင်လိုက်ရသူသည် ကုတင်ဘေး၌လက်ပိုက်ကာ ရပ်နေသောမောင်။ မောင်ကဘာတွေအလိုမကျနေသနည်း။မျက်ခုံးတို့က ထိလုမတတ်ကျူံ့ထားကာ ကုတင်ခြေရင်းကို မဲကာကြည့်နေ၏။ သူသတိရလာတာကိုပင် မောင်သိသေးပုံမပေါ်။

"အဲ့.. "

အသံသေးသေးလေးကြောင့် မျက်စိကစားမိရာ ကုတင်ခြေရင်းတို့။ လက်တစ်ပွေ့စာပင်ရှိသော အနှီးထုပ်ဖြူဖြူလေးကို လု၍ချီနေကြသော မောင့်သူငယ်ချင်းများ။ လူစုံနေရောပါပင်။ အကိုနမ်ဂျွန်းတို့ကော၊အကိုဟိုဆော့တို့ကောဖြင့်။ဟော၊ဂျီမင်းတောင်ရောက်နေသေးသည်။

မောင်အလိုမကျသည်က သူ့သားကို လု၍ချီနေကြလို့ပေပေါ့။

"မောင်~~ "

နူတ်ခမ်းပါးလေးလူပ်ရုံမျှခေါ်လိုက်ပေမဲ့ ထိုအသံကြောင့် အခန်းတွင်းရှိလူများအားလုံးတိတ်ဆိတ်သွားရ၏။ မောင်ကလဲ ပြာပြာသလဲလဲဖြင့် သူ့ဘေးသို့ရပ်ကာ ဆံပင်လေးတွေကို သပ်တင်ပေးသည်။ သားကိုချီထားသော ဂျီမင်းကတော့ ပြုံးပြုံးလေးနှင့်..

"မင်းသားက အချောသိလားဂျောင်ကု.."

ထိုစကားလေးကြောင့် သူပြုံးမိပါ၏။ အကိုဟိုဆော့ဆီက စကား‌ပါကြားတော့ သူ့မျက်နှာလေးပို၍များနီမြန်းသွားရသည်။

"ထယ်ယောင်းနဲ့များတစ်ပုံစံထည်း၊နူတ်ခမ်းတွေ၊နှာခေါင်းတွေကအစ..ဘယ်လိုများ တူအောင်ထုဆစ်ခဲ့ကြလဲ ဟမ်! "

မောင်ကရှက်နေသောသူ့ကို သတိထားမိဟန်။ သူ့ပါးလေးတွေကို လက်မလေးနှင့် ပွတ်သပ်၍ကျီစယ်၏။ မောင့်မျက်၀န်းတွေမှာ ကြည်နူးမူတွေအတိုင်းမသိစိုးမိုးနေတော့သည်ကို ခံစားရသည်။

မောင်နဲ့တူအောင် ထုဆစ်ပေးထားမို့ မောင့်အသဲတုန်လေးဖြစ်လာမှာလဲ မြင်ယောင်သေး၏။

"မောင့်သက်လျာ.. " [Completed]Where stories live. Discover now