Part (15)

6.9K 389 63
                                    

[Unicode]

မနေ့ကဂျွန့်ကိုအလွန်စိတ်ဆိုးမိသည်။ဟုတ်သည်။ ဘာလို့ဆို သူ့ဆီကဘာမှဖြေရှင်းချက်မယူပဲ သူ့သိက္ခာကိုစော်ကားသည်လေ။ ဒါ့အပြင် တစ်ဖက်ကိုလဲ အားနာမူမရှိ ဆက်ဆံပြန်သည်။

ထိုမင်းသမီးနဲ့ရည်ရွယ်ချက်ရှိရှိစကားပြောနေတယ်ဆိုတာကလဲ ထိုမင်းသမီးက ကလေးမွေးပြီးသားမိခင်မို့ ဂျွန့်ကိုဘယ်လိုဂရုစိုက်ရမလဲအကြောင်းတွေပြောပြနေတာသာဖြစ်သည်။

သူ့ကိုလဲသေချာဂရုစိုက်ခိုင်းနေ၍ ဘယ်လိုနေရမယ်၊ထိုင်ရမယ်ကအစ သူ့တုန်းကပုံစံနှင့် ‌ရှင်းပြနေတာမို့ပြောနေ၍ ဂျွန့်ဆီသို့မသွားဖြစ်တာပင်။ ဒါကိုပင် ထိုအမျိုးသမီးကို အားနာမူမရှိစွာပြောဆိုသော ဂျွန့်ကြောင့် သူတကယ်ပဲ မျက်နှာပျက်ရလေသည်။

ဒေါသထွက်နေသည့်အချိန်မို့ သူ့မှာ‌ မေ့လျော့သွားကာ ကိုယ်ဝန်လေးနဲ့ကို စိတ်လိုက်မာန်ပါလုပ်မိသွားသည်။ သိမ်ငယ်တတ်လွန်းသော ထိုကောင်လေးက တစ်ခြားအချိန်တွေထက်ပို၍သိမ်ငယ်နေဦးမယ်ဆိုတာသူသိပါသည်။  သူကိုယ်သူလဲအပြစ်တင်လို့မဆုံးမို့ သေချာပင်ပြန်ချော့ပါ့မည်။

"မောင့်အသက်ရယ်..မောင်မှားပါတယ်ကွာ.. "

================

"ဂျောင်ကု.. "

လမ်းထိပ်မှာ တစ်ကောင့်သားအလာကို ရပ်စောင့်နေမိသည်။ နောက်တော့ဆင်းလာပါသည်။ အဝါရောင်တက္ကဆီလေးပေါ်ကနေ။ တစ်ငိုငိုတစ်ရီရီနှင့်။

"ဘာဖြစ်လာတာလဲ..မင်းမောင်ကာ "

"မသိဘူး! မသိဘူး! "

‌သူ့ကိုကျော်ကာ အိမ်ထဲသို့ပြေး၀င်သွားသောဂျောင်ကု။ဘာဖြစ်လာတာလဲ။ ဒီတစ်ခါတော့ တကယ်ပြသနာအကြီးကြီးနှင့်တူတယ်။

"ဂျောင်ကု..ငါ့ကိုပြောပြဦး ဘာဖြစ်လာတာလဲလို့ "

ဧည့်ခန်းထဲက ဆိုဖာပေါ်၌ ကျူံ့ကျူံလေးထိုင်ကာငိုနေပြန်သည်။ သူ့ခန္ဓာကိုယ်လေးသူ ကျူံ့ကျုံ့လေးဖက်ကာ ငိုနေသည်။ သူ့ပုံစံလေးကိုကြည့်ရင်း ကျနော်တောင်သနားရတယ်။ ဘာလို့ရိူက်ကြီးတငင်ငိုနေတာလဲကွယ်။

"မောင့်သက်လျာ.. " [Completed]حيث تعيش القصص. اكتشف الآن