Part - 1 U/Z

3.2K 117 10
                                    

"ဟူး...စောက်သုံးနည်းနည်းလေးမှမကျတဲ့ ငါက ဘာလို့ ဒီကမ္ဘာမှာ ရှင်သန်နေသေးတာလဲ။"

Sunoo က တစ်နေ့တစ်နေ့ နေဖို့စားဖို့အပြင် နာမကျန်းဖြစ်နေတဲ့ မိခင်ကိုလည်း ဆေးကုသဖို့ ကျောင်းမသွားခင် အချိန်ပိုအလုပ်လုပ်ရပါတယ်။

တစ်စုံတစ်ဦးရဲ့ ကုန်းတိုက်မှုကြောင့် မနည်းရှာထားရတဲ့ နွားနို့ပို့ပေးရတဲ့အလုပ် ကပြုတ်လာသေးတယ်။
အလုပ်ဖြုတ်ခံရတဲ့အပြင် စောက်သုံးမကျဘူးလို့ ၁၃၆ ခါလောက်ပြောခံရတော့ ဒေါသလည်းထွက် ဝမ်းလည်းနည်း။

ညစာအတွက် ပိုက်ဆံမလုံလောက်တာကြောင့် ဆာလောင်မှုက ဒေါသကို လောင်စာဖြည့်ပေးနေသလိုပါပဲ။

ကြံရာမရအဆုံး အိမ်ပြန်လမ်းရဲ့ bus ကား မှတ်တိုင်မှာပဲ ​ကြယ်လေးတွေ ထွက်လာတဲ့အထိ သတိမထားမိပဲ ထိုင်နေမိတယ်။

"မပြန်သေးဘူးလား။"

"ဟင့်အင်း"

"ဗိုက်မဆာဘူးလား။"

ကိုယ်အမြင်ကပ်လှပါတဲ့ သူဌေးသား Park Sunghoon က
ဒီလိုအချိန်ကျတော့ လာမေးဖော်ရသား။

"ဆာတာပေါ့။ ညစာဝယ်ဖို့ ပိုက်ဆံမှမ​လောက်တာ။"

"ရော့..ဒီမှာ ကလေးကြိုက်တဲ့ ဂျယ်လီ။"

နွားနို့ပို့တာမြန်လို့ Bonous ရမှသာ စားရလေ့ရှိတဲ့ ဂျယ်လီ။

"ကျွန်တော်ဘာလုပ်ရမလဲ Hyung"

အနီးဆုံးမှာရှိတဲ့ သူ့ကိုသာ တင်းတင်း​ကြပ်ကြပ်ဖက်လိုက်ပြီး ငိုချလိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ရလာတဲ့ Choco ရနံ့ သင်းသင်းက Sunoo ရင်ထဲ နွေးထွေးစေတယ်။

"ဘယ်လိုဖြစ်တာလဲ။"

"ကျွန်တော် အလုပ်မရှိတော့ဘူး။ညစာဖို့လည်း ပိုက်ဆံမလောက်ဘူး။Omma ဖို့တောင်မလောက်ဘူး။"

"Omm...ဒါဆို...အလုပ်လိုချင်လား။"

"လိုချင်တာပေါ့။"

"ဒါဆိုရင် ကိုယ့်အိမ်မှာ အလုပ်လုပ်မလား။"

"ဘာအလုပ်လဲ။"

"ရိုးရှင်းပါတယ်။အလုပ်က ကိုယ့်အနားနေပေးဖို့ပဲ။"

"ဘာ!"

My Rich Man | Sunsun | Where stories live. Discover now