*ကျွီ*
"ဟင်"
တံခါးဖွင့်လိုက်တဲ့အချိန်တွင် အခန်းထဲ၌ Sunghoon ကို တွေ့ရသည်။အခန်း၏ ထောင့်တွင် သွေးများ ပေကျံနေသော
စန္ဒယား။ ထိုစန္ဒယားပေါ်တင်ထားသော ဓါးတစ်လက်။သွေးတစ်စက်သည် Sunghoon ၏ မျက်နှာပေါ်သို့ စီးကျလာသည်။
ထို့နောက် သွေးများ ဆက်တိုက် စီးကျလာသည်။
သွေးစီးကျခြင်း တဖြည်းဖြည်း များလာပြီး မြန်လာသည်။
Sunghoon ၏ မျက်နှာမှာပါမက တစ်ကိုယ်လုံး သွေးများပေကျံနေသည်။ ပြီးတော့ Sunghoon က သူ့ကို နာနာကျင်ကျင်အပြုံး တနည်းအားဖြင့် Psycho ဆန်ဆန် အပြုံးကြီးဖြင့် ပြုံးပြနေသည်။
ခဏအကြာ Sunghoon သည် လဲကျသွားကာ..ပြန်မထလာ........."P-Park Sunghoon!"
"Park Sunghoon!"
အခြေအနေကို နားမလည်သေးသဖြင့်
အခန်း၏ အပြင်ကို ကြည့်လိုက်တော့ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသော အလောင်းများကိုတွေ့ရသည်။"Ommanin!Jungwon!Heeseung Hyung!"
"Jake Hyung!Jay Hyung! Niki!"
"Yah!Yang Jungwonie!ထပါအုန်း။Lee Heeseung Hyung!ထကြည့်ကြပါအုန်း။Jaeyun Hyung!"
"Riki!Jongsung Hyung!"
"Yah!ထအုန်းလေ...."
"Dr.Kai! Dr.Soobin!ခင်ဗျားတို့ရော..မရှိတော့ဘူးလား။"
သူအော်လိုက်တဲ့ နာမည်တွေက မထလာနိုင်တော့။ဒီလောကကနေ ထွက်ခွာသွားကြပြီးဖြစ်သည်။
အခုချိန်က Sunoo အဖို့ အနာကျင်ရဆုံးအချိန်...
ချစ်ရသူ ခင်ရသူတွေအားလုံး သက်မဲ့သွားတဲ့အချိန်....Sunoo လည်း အသက်ထက်ပို၍ ချစ်ရသူ Sunghoon
ဆီကို အပြေးသွားလိုက်သည်။
အသက်ရှိသေးလား စမ်းသပ်သည်။
မရှိတော့ဘူး............
Sunoo မှာဘာမှမရှိတော့ဘူး....ချစ်ရသူ၏ အလောင်းကိုဖက်ကာ ငိုကျွေးနေသော လူငယ်တစ်ယောက်။
ထိုလူငယ်လေး၏ ရင်ထဲ၌ မီးတောက်ကြီးလိုပင်...
ပူလောင်ရသည်။နာကျင်ရသည်။ဝမ်းနည်းရသည်။ထိုလူငယ်လေးသည် ဤလောကတွင် မနေချင်တော့။
ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် စန္ဒယားပေါ်ရှိ ဓါးတစ်လက်က ထိုလူငယ်လေး၏
အာရုံကို ဖမ်းစားသွားသည်။
YOU ARE READING
My Rich Man | Sunsun |