Part - 7 U/Z

305 34 1
                                    

ခွဲစိတ်မှု ရလဒ်အဖြေကို အားလုံးက စောင့်မျှော်နေကြသည်။

ခဏအကြာ ဆရာဝန်များ ထွက်လာပြီး ခေါင်း အသာ ရမ်းပြသည်။ထို အဓိပ္ပယ်ကို အားလုံး နားလည်ကြမည် ထင်ပါသည်။

SN - Wae?Wae? ဆရာတို့ ကျွန်တော့်ကို ဝိုင်း နောက်နေတာမလား။

Sunoo စကားအဆုံး ဆရာဝန်များ ခေါင်းရမ်းပြပြန်သည်။

SN - လိမ်နေတာ။လိမ်နေတာ။ခင်ဗျားတို့ ကျွန်တော့်ကို လိမ်နေ....

Sunoo စကားမဆုံးခင် သူနာပြုများ​က အဖြူစနှင့်အုပ်ထားသည့် အဒေါ်ကြီး Kim ၏ အလောင်းကို သယ်ယူသွားကြသည်။
အဒေါ်ကြီး Kim ၏ အလောင်းမဟုတ်ဘူးလို့ ကောက်ချက်ချရအောင်ကလည်း အ​ဒေါ်ကြီး၏
လက်ကောက်ဝင်တွင် ရှိသည့် သူငယ်ငယ်က ကျစ်ဖူးပေးခဲ့သော ပိုးသားလက်ကောက်လေးက အထွင်းသား မြင်နေရသည်။

SN - ကျွန်တော် အိပ်မက် မက်နေတာမလား။ကျွန်တော့်ကို တစ်ယောက်ယောက် လာနိုးပေးကြပါ။

Sunoo သံကုန် ခြစ်အော်လိုက်သောကြောင့် တစ်ပဲလောက် ကျန်သည့် အင်အားများက ကုန်ခမ်းကာ မေ့လဲသွားသည်။

All of them - Sunoo!Sunoo!သတိကပ်ထား သတိကပ်ထား။

SH - Ddeonu!ဆရာဝန်တို့ ကျွန်တော့် Ddeonu လေး မေ့လဲသွားလို့ လာကူညီကြပါဦး။

Sunghoon စကားဆုံးသည်နှင့် တစ်ပြိုင်နက် Sunoo ကို ပွေ့ချီကာ ဆရာဝန်များ ရှိရာသို့ ပြေးရပြန်သည်။

Sunoo လေး သတိပြန်ရပါ့မလားဟူသည့် အတွေးက ခေါင်းထဲကို ချက်ချင်း ဝင်ရောက်လာသည်။ထို အတွေးကို သူ ခေါင်းထဲက သေလောက်အောင် ထုတ်ပစ်ချင်ပေမယ့် မရခဲ့။

SH - ကူညီကြပါဦးဗျာ!

Sunghoon က Sunoo ကို ပွေ့ကာ ရှေ့ကပြေး။
အနောက်က Heeseung,Jay,Jake,Jungwon,Niki,
Wonyoung နှင့် Yujin တို့ကလည်း ပြေးလိုက်ကြသည်။
ကျန်သည့် လူကြီးများက မပြေးလိုက်နိုင်သဖြင့် လမ်းကို ခပ် သွက်သွက်လျှောက်ကာဖြင့် ဆေးရုံတစ်ခုလုံး ဂရက်ထလို့နေသည်။

SH - ကယ်ကြပါဦးပြောနေတာ မကြားဘူးလား။

"....."

SH - ဆရာဝန်တွေ ဘယ်ရောက်သွားကြတာလဲ။ငါခေါ်နေတယ်လေ!

"ဟားဟားဟား"

My Rich Man | Sunsun | Where stories live. Discover now