Part - 6 U/Z

331 38 2
                                    

"အဟွတ် အဟွတ်"

"မမကြီး....သက်သာရဲ့လား...မလှုပ်နဲ့နော်...အားတင်းထား...မနက်ဖြန်ညနေဆိုရင် ရပြီ။"

ခွဲစိတ်တော့မည့် အချိန် နီးလာပြီမို့ စိတ်လှုပ်ရှားကြ​ကာ တစ်ယောက်ကို တစ်ယောက် အားပေးရင်း နေလာကြသည်မှာ 2 လကျော် ကြာလေပြီ။
ထိုကတည်းက Sunoo စားမဝင် အိပ်မပျော်ဖြစ်နေတာ အခုဆို ပါးဖောင်းဖောင်း အိအိလေးများက သိသိသာသာ ချောင်ကျသွားပြီး မျက်ကွင်းလည်း ညိုလာလေသည်။
အဲဒီ ပိန်သေးသေး ကလေးလေးကို အင်မတန် ချစ်ခင်လှသော Park Sunghoon မှာလည်း သူ့ကလေးလေးကို ကြည့်ကာ ရင်တမမဖြင့်.....

အဒေါ်ကြီး Kim ၏ နှလုံးရောဂါ ခြေအနေက ဆိုးသထက် ဆိုးလာသ​ဖြင့် ခွဲစိတ်ကုသရန် ဆုံးဖြတ်ခဲ့ကြသည်။

"ညီမရယ်....မမကြီးတော့ ဒီတောင်ကို ကျော်နိုင်မယ် မထင်ဘူးရယ်..."

"အို... မမကြီးကလည်း ဘာတွေပြောနေတာလဲ...မမကြီး လုပ်နိုင်ပါတယ်.....အားတင်းထားနော်...."

"အင်းပါ...မမကြီး အတတ်နိုင်ဆုံး အားတင်းထားမယ်နော်။အကယ်၍ မမကြီး မကျော်ဖြတ်နိုင်ခဲ့ရင်လည်း သားလေးကို ညီမလက် အပ်ခဲ့မယ်နော်...."

"အို...ဘာလို့ မကျော်ဖြတ်နိုင်ရမှာလဲ...မမကြီး အရင်က ဒီလို မဟုတ်ဘူးလေ...မမကြီးပဲ ပြောခဲ့တယ်လေ...မလုပ်နိုင်ဘူး မတွေးနဲ့...ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ အကောင်းဆုံး ကြိုးစားဆို?မမှတ်မိ​တော့ဘူးလားဟင်..."

"မမကြီးမှားတာ...အဲ့လူ MinSeo ဆိုတဲ့ လူယုတ်မာကို မမကြီး လက်မထပ်ခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။"

"ဖြစ်ပြီးသားကိစ္စတွေကို ပြန်မတွေးပါတော့နဲ့လားမမကြီးရယ်..."

Kim MinSeo ဆိုသူမှာ Sunoo ၏ အဖေဖြစ်သည်။ရုပ်ရည်ချောမောတာကြောင့် အဒေါ်ကြီး Kim သည် သူချစ်ခွင့်တောင်းသည်ကို လက်ခံမိခဲ့သည်။

အစပိုင်းတော့ ရိုးသားသည်ဟု ထင်ရပင်မယ့် နောက်ဆုံး အစွယ်များပေါ်လာသည်။

အရင် ကတည်းက အဒေါ်ကြီး Kim က သူ့ကို မသုံးနိုင် မစွဲနိုင်မို့ သနားပြီး ငွေကြေး ထောက်ပံ့ပေးလေ့ရှိသည်။
နောက်ပိုင်း MimSeo အဒေါ်ကြီး Kim ကို ချစ်မိနေပြီဟု ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့သည်။

My Rich Man | Sunsun | Where stories live. Discover now