"ဟင်...ဒါဘယ်လိုနေရာကြီးလဲ။"
*ဖလတ်...ဖလတ်...ဖလတ်*
လူတစ်ယောက်ပြေးသွားသည့်နှယ်။
"ဟ...ဘာကြီးလဲ။ငါ..လိုက်သွားရင်ကောင်းမလား။မလိုက်ပဲ အိမ်ပြန်လိုက်ရင် ကောင်းမလား။.........လိုက်သွားရင်ကောင်းမယ်။တော်ကြာ တစ်ယောက်ယောက်က အကူအညီလိုနေတာတို့ ဒဏ်ရာရထားတာတို့ဆို ဘယ်လိုလုပ်မလဲ။"
လွယ်အိတ်ထဲတွင် အသင့်ဆောင်ထားသည့် မီးခြစ်ဆံဘူးထဲမှ
တစ်ခုကို ထုတ်တာ မီးထွန်းလိုက်သည်။"အကူအညီလိုလားမသိဘူးခဗျာ။"
သူစကားဆုံးသည်နှင့် တစ်ပြိုင်နက် ဝတ်စုံ အမဲရောင် ဝတ်ထားပြီး မျက်နှာဖုံးပါ စွပ်ထားသည့် လူတစ်စုက ခေါင်မိုးပေါ်မှ ခုန်ဆင်းလာသည်။
"ကောင်လေး မင်းဘာလာလုပ်တာလဲ။"
"ခင်ဗျားတို့ကရော်?ဘာလာလုပ်တာလဲ။ဒီအိတ်ထဲက ဘာကြီးလဲ။"
"မင်းအတော် စပ်စုတာပဲ။မင်းကိစ္စ မဟုတ်ဘူး။ရိုက်စမ်း"
ထိုအမိန့်စကားအပြီး လူတစ်ယောက်က သူ့အနားကိုကပ်လာသည်။သူလည်း အခြေအနေကို ရိပ်စားမိတာနဲ့ ထိုလူ၏ လက်ထဲက တုတ်ကို လုကာ ထိုလူကို ကန်ထည့်ကာ ထွက်ပြေးရပါတော့သည်။
"ဟဟ ဘယ်ဆိုးလို့လဲ။လိုက်စမ်း။ငါ သူ့ကို အရှင်လိုချင်တာနော်။"
"ဟုတ်ကဲ့ ဆရာ။"
"မင်း ဟိုဘက်ကသွား။ငါက ဒီဘက်က သွားမယ်။"
"ကောင်းပြီလေ။"
K ကို နှစ်ဘက် ညှပ်ဖမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
"သူ မင်းဘက်ကိုလာနေပြီ"ဟူသည့် အမူအရာ ပြကာ
တိုးတိုးတိတ်တိတ် ချဥ်းကပ်သွားကြသည်။"ကောင်လေး...မိပြီကွ။ပြေးမနေနဲ့တော့ အခုမှ။"
K သည် ထိုလူ့စကားကို နားမထောင်ခဲ့။ထိုလူ၏ ဆန့်ကျင်ဘက် အရပ်ကို ထွက်ပြေးရန် ကြံသော်လည်း လူနောက်တစ်ယောက်က လမ်းကို ပိတ်ထာနှင့်ပြီးလေပြီ။
*အိုကွာ...ဖြစ်ချင်ရာဖြစ် ဒီလိုပဲ လုပ်ရတော့မယ်*
လွယ်အိတ်ထဲက မီးခြစ်ဆံကိုထုတ်ပြီး စာအုတ်များကို သွန်ချ၍ လွယ်အိတ်ကို မီးရှို့လိုက်သည်။
မီး အတော်စွဲပြီဆိုကာမှ ထို မီးစွဲနေသည့် လွယ်အိတ်ကြီးကို
အရှေ့က လူကို ပစ်ပေးလိုက်သည်။
ထိုလူကလည်း ယောင်တောင်ပေါင်တောင် ထိုလွယ်အိတ်ကို ဖမ်းလိုက်သည်။
YOU ARE READING
My Rich Man | Sunsun |