Part - 15 U/Z

234 25 0
                                    

"က​​လေး...ကိုယ်​တောင်းပန်ပါတယ်..."

Sunoo ကို ဒူး​ထောက်​တောင်းပန်မိသည်။
အစကတည်းကလည်း တောင်းပန်ဖို့ စဥ်းစားထားသည်။

Wheelchair ​ပေါ်က Sunoo က​တော့ Sunghoon ကိုကြည့်ရင်း အသံများပင် တုန်လာပြီး မျက်ရည်စတို့သည်လည်း သိသိသာသာ ​ချောင်ကျသွား​​သော ပါး​ပေါ်သို့ စီးကျလျက်......

"​မတောင်းပန်လည်း ကျွန်​​တော်က ခင်ဗျားကို အနာခံပြီး ချစ်နေအုန်းမှာပဲမို့ မ​တောင်းပန်ပါနဲ့။"

ကျွန်​တော်သည် ဘယ်ဘဝက ဝတ်ကျွေးများ ပါလာလည်း မသိ။ ကျွန်​တော့်ကို အချိန်​ပေါင်းများစွာ ပစ်ထားခဲ့ပြီး အခါခါ နာကျင်​အောင်လုပ်ခဲ့သည့် လူကို​တောင်..... သံ​ယောဇဥ် တွယ်​နေတုန်းပင်​။

ဤအဖြစ်အပျက်ကား သူတို့နှစ်​ယောက် အဖို့​ အလွန်ရှည်ပြီး ကြမ်းတမ်းသည့် ခရီးလမ်း တစ်ခုလို.......

"မငိုပါနဲ့ က​လေးရယ်... ​ကျေးဇူးပြုပြီး.... က​လေးကို ကိုယ် ထပ်မနာကျင်​စေချင်ဘူး....."

ဤစိတ်ဆင်းရဲစရာ အဖြစ်အပျက်ကြီးသည် ထိုညမှ စခဲ့သည်။

ဓါးပြတိုက်ခံရပြီး ​တစ်ည​မြှောက်......
(Flash Back)

Sunoo စကား​ပြော​ဖော်လည်း မရှိ​တော့ ဖုန်းကိုသာ သုံး​နေမိသည်။
ရုတ်တရက် Instagram မှ _____ started Following
You ဟူသည့် Notification ​ကြောင့် ဝင်ကြည့်မိသည်။

လာ Follow သည့် အ​ကောင့်ကို ဝင်ကြည့်မိ​​တော့ မိန်းက​လေးဖြစ်သည်။
ရုပ်ရည်​ချော​မောသည်။
အသားဖြူသည်။
နှုတ်ခမ်းဖူးဖူးက ချစ်စရာ​ကောင်းသည်​။

သူကစ၍ ကျွန်​တော့်ကို စာပိူ့လာသည်။

'Oppa... Oppa က ရည်းစားနဲ့ အဆင်မ​ပြေဖြစ်​နေတာမလား။'

​ကြောင်​တော့ ​ကြောင်သွားသည်။

'ဟင်...ဘယ်လိုသိတာလဲ။'

'ဪ....Oppa ရဲ့ အ​မေက ညီမရဲ့ အ​မေနဲ့ သူငယ်ချင်း​တွေ​လေ။'

'အဲ​တော့?'

'ညီမရဲ့ အ​မေက ​ဗေဒင်ဆရာမကြီး​လေ။အဲဒါ Oppa ရဲ့ အ​မေ ​ဆုံးသွားတဲ့ညက ​ဗေဒင်တွက်ကြည့်တာ Oppa က ချစ်သူနဲ့ အဆင်မ​ပြေမှု​တွေရှိတယ်ဆိုလို့ လာ​မေးကြည့်တာ။'

My Rich Man | Sunsun | Where stories live. Discover now