Part - 20 U/Z

255 25 2
                                    

Shin Jihwa သည် Bus ကား ​​ပေါ်မှ ဆင်းသွာသည်။
ကျွန်​တော် လိုက်ဆင်းရန် ဆုံးဖြတ်လိုက်သည်။
ဒီ​နေ့​တော့ အနည်း​ဆုံး သူ့လိပ်စာကို ရ​အောင် စုံစမ်းမည်။
ကျွန်​တော် သူ့​နောက် တ​ကောက်​ကောက် လိုက်လျှင် သတိထားမိသွားမှာ စိုးသည့်အတွက် မျက်​ခြေပျက်ခါနီးမှ လိုက်သွားသည်။

Shin Jihwa သည် အိမ်အကြီးကြီးထဲကို ဝင်သွားသည်။
ထိုအိမ်က ကြီးသည်ဆိုပင်မယ့် ကိုကို့အိမ်​လောက်​တော့ မကြီးသလို ထည်ထည်ဝါဝါလည်းမရှိ။

ခြံတံခါး ဖွင့်ခဲ့သည့်အတွက် ကျွန်​တော့်အဖို့ စုံစမ်းဖို့ ပိုလွယ်ကူတာ​ကြောင့် အခွင့်အ​ရေး လက်လွတ်မခံနိုင်။

ထို့​နောက် ပြတင်း​ပေါက်က​နေ အသာ​​ချောင်းလိုက်သည်။
ဟိုမှာ...ဟိုဘိုး​တော်..MinSeo...သူ့ကို​တွေ့တာနဲ့ ​ဒေါသက အသားလွတ် ထွက်လာသည်။
Kim MinSeo ၏ ရုပ်အသွင်အပြင်က အရပ်ရှည်သည်။
Style ကျသည်။ မျက်စိနဲ့ မျက်ခုံး​မွှေးတို့က ကျွန်​တော်နဲ့တူသည်။ ​တော်ပါ​သေးသည် ကျွန်​တော့်ရဲ့ ပါး​ဖောင်း​ဖောင်း​လေးတွေ၊ နှုတ်ခမ်း​လေးတွေ၊ နှာတံ​လေးတွေက အ​မေနဲ့တူပြီး ချစ်ဖို့​ကောင်း​နေလို့သာ Park Sunghoon ရဲ့ အသည်း​ကျော်​လေး ဖြစ်ခဲ့ရတာ။
ဆက်မ​ချောင်း​တော့ပဲ နားဖြင့် အသာကပ်ကာ နား​ထောင်လိုက်သည်။

"ကျွန်မပိုက်ဆံလာယူတာ။"

"ဘယ်လောက်ရချင်လဲ။"

"​ဒေါ်လာ 50000။"

"ရ​စေရမယ်။"

"မင်းက ပါးနှပ်တယ်။ အခု မင်း​ကြောင့် Kim Sunoo က ရည်းစားနဲ့လည်း ပြတ်နိုင်သလို နာလည်း နာကျင်နိုင်တာ​ကြောင့် Bonus ​ဒေါ်လာ 1000 ​ပေးလိုက်မယ်​။"

"​​ကျေးဇူး။ ဒါနဲ့ အဲ့ Kim Sunoo က ခင်ဗျားကို ကျိန်းသွား​သေးတယ်။"

"ဟားဟားဟား...သူက?"

"ဟုတ်တယ်။"

"​သူကိုယ်တိုင်​တောင် စောက်ဖြစ်မရှိတဲ့ဟာကို ကျိန်း​တောင် ကျိန်းခဲ့​သေးတယ်။ ဟားဟားဟား.."

"အဲ့​ကောင်က ​ပြောရတာမဟုတ်ဘူး။ သတိလည်း​ထားအုန်း။"

"ဟားဟား...သူ့လို ​စောက်မွဲက ငါ့ကို ဘာလုပ်နိုင်မှာကျလို့။
​ခြေသလုံးဖက်ပြီး ငိုတာလား။ ဟားဟား.."

My Rich Man | Sunsun | Where stories live. Discover now