Part - 22 U/Z

227 23 5
                                    

[​ထောင်သားများ ထမင်းစားရာ အခန်းထဲ၌]

"မင်းက Kim Sunoo ဆိုတာလား။"

"Eh?"

"ဟားဟား..မင်း ဒီထောင်ထဲမှာ နာမည်ကြီး​​နေတာကွ။ မင်းက တကယ့် ဖြူ​သေး​သေး​လေးပဲ။ ငါနဲ့ ချမလား။"

"လာစမ်းပါ။"

"ဟားဟား"

"ထိုးစမ်းပါ။"

ကိုယ့်ထက် ဗလ​ ပိုတောင့်ပြီး အရပ် ခေါင်းတစ်လုံး​လောက်ပို ရှည်တဲ့လူကို စိန်​ခေါ်မိတာ မိုက်မဲရာ ကျမလား။

*အွတ်*

ဗိုက်တည့်တည့် ထိုးခံလိုက်ရတာ​ကြောင့် အတိုင်းမသိ အီစိမ့်သွားရသည်။

*ခွပ် ခွပ်*

ထိုလူ၏ မျက်နှာကို နှစ်ချက်​လောက် ခုန်ထိုးလိုက်​ပေမယ့် ထိုလူက ​သွေးထွက်ရုံမှလွဲ၍ ဘာမှ ဖြစ်မသွားဟန်။

"ချထား! ချထား!"

*ဝုန်း*

ထိုလူ၏ ဗိုက်တည့်တည့် ​ပြေးကန်လိုက်​ပေမယ့် ထိုလူက ကျွန်​တော့်​ခြေ​ထောက်ကို ဖမ်းကာ ကိုင်ပေါက်လိုက်ပြန်သည်။
ပါးစပ်တို့ နှာ​ခေါင်းတို့က​နေ ​​သွေးများ လျှံထွက်လာ​လေပြီ။
​​ဒေါသတို့က ​ထောင်းခနဲ။

*ခွပ် ခွပ်*

ဒီတစ်​ခေါက်က​တော့ Sunoo ထိုးတာမဟုတ်။
Sunoo က အထိုးခံရတာ။
အ​မ​လေး...​မေမေ​က ချော​ချော​လေး​မွေး​ပေးထားတဲ့ ကျွန်​တော့်မျက်နှာ​လေး...သွားပါပြီ!

ခဏက ​ဒေါသထွက်တယ်ဆိုတာ ဒီတစ်​ခေါက်နဲ့ယှဥ်ရင် အကင်းသာ။ သိတယ်မလား။ ​ချော​မောလှပါတဲ့ ကျွန်​တော့်မျက်နှာကို လာထိုးတာ ဆို​တော့​လေ...

*ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်*

​ဒေါသ​ပေးသည့် သတ္တိ​ကြောင့် ​ကျွန်​တော်ထိုင်​နေသည့် ခုံကို ​ကောက်ယူကာ ထိုလူ၏ ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းပဲထိထိ
မျက်စိမှိတ်ကာ ၅ ချက်​လောက် ရိုက်ထည့်ပစ်လိုက်သည်။

*ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ်*

"Kim Sunoo ​တော်​တော့။ ​တော်​တော့။ စိတ်​​လျှော့ထား!"

My Rich Man | Sunsun | Where stories live. Discover now