"အကို!"
"Sunoo"
ရုံးက ရဲများခိုင်းတာကြောင့် အကို Kyunmin ကို လေဆိပ်တွင် ၃ နာရီလောက် စောင့်နေရသည်။
"အကြာကြီး စောင့်နေရလား။"
"ရပါတယ်။ မကြာပါဘူး။ ၃ နာရီလောက်ပါပဲ။"
ကျွန်တော်ပြောတော့ အကို Kyungmin က မျက်လုံးကြီးပြူးကာ..
"၃ နာရီ!?"
"အင်းလေ။"
"ဘာလို့အဲ့လောက်ကြီး လာစောင့်နေတာလဲ။"
"ရုံးက ရဲတွေ စောင့်ခိုင်းလို့။"
"ဪ...သူတို့လည်း ကြောင်တောင်တောင်နဲ့။"
"ဟုတ်ပ။"
"လာ..သွားရအောင်။"
"ဟုတ်။"
"ဒါနဲ့ Park Sunghoon အခန်းတွင်း ပုန်းနေတာဆို? ခုရော ထွက်လာပြီလား။"
"ဟင့်အင်း..အခန်းပုန်းနေတုန်းပဲ။"
"သူတစ်ခုခုတော့ တစ်ခုခုပဲ။ Psycho ဖြစ်နေတာထင်တယ်။"
"အယ်...သူများရည်းရားကို။"
"ဆောရီး ဆောရီး။ ဒါနဲ့ Yang Jungwon တို့ရော အဆင်ပြေတယ်ဆိုလား။"
"အင်း..သူတို့အတွဲက ရှုပ်တယ်။ ရည်းစားဖြစ်။ စိတ်ကောက်။ စိတ်ကောက်တော့ ပြန်ချော့။ ပြန်တည့်။ ပြန်တည့်ပြီး ပြန်စိတ်ကောက်။ ပြန်ချော့။ စိတ်ကောက်။ ပြန်ချော့။ အဲ့လိုနဲ့ပဲ သံသယာလည်နေတာ။"
"ဟားဟား။"
"အကို့အမေရော သက်သာလား။"
"အင်း...သက်သာတယ်။ ဒါပေမယ့် ဆေးပုံမှန်သောက်ရမှာ။"
"တော်သေးတာပေါ့။ အကို့အမေက တစ်ယောက်တည်း နေတာလား။"
"မဟုတ်ဘူး။ အကို့ ညီမနဲ့။"
"ဪ..."
"အကိုက ဒီကနေ ငွေကြေးထောက်ပံ့ပေးတာပေါ့။ အကို့ညီမက အမေ့ ဝေရာဝတ္စတွေ လုပ်ပေးတာပေါ့။"
"အင်းပေါ့။အင်းပေါ့။"
နှစ်ယောက်သား စကားစမြည်ပြောရင်း လေဆိပ်က ထွက်လာစဥ် ကားအမဲရောင်တစ်စီးက လေဆိပ်အတွင်းသို့ ဝင်လာခဲ့သည်။ ကားကြီးက ခန်းနား၏။ သန့်၏။ ဖုန်းတစ်မှုန်မှ မတင်နေပါ။ ကားကို ကြည့်ရသလောက် ပိုင်ရှင်က တော်တော်ချမ်းသာမည့်ပုံ။ တော်ရုံလူ ထိုကားမျိုး ဝယ်စီးနိုင်မှာမဟုတ်။
YOU ARE READING
My Rich Man | Sunsun |