Part - 2 U/Z

982 81 16
                                    

"အိမ်ပြန်နောက်ကျပြန်ပြီ။"

"..."

"ရပြီ...အပေါ်ထပ်သွားတော့။"

"ဟုတ်" (ပျင်းရိပျင်းတွဲလေသံဖြင့်)

"ဒီက Sunoossi။
အ​နှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်။
သူကအဲ့လိုပဲ အိမ်ပြန် အမြဲတမ်းနောက်ကျနေကျ။"

"ဟုတ်ကဲ့။ရပါတယ် Mrs.Park"

"အင်းအင်း...သွားနားတော့လေ Sunoossi။
ပင်ပန်းရောပေါ့ကွယ်။"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် Mrs.Park"

******
"Sunghoon Hyung"

"ပြောလေကလေး။"

"အိမ်ပြန်နောက်ကျရင် အဲ့လိုအမြဲအဆူခံရတာလား။"

"Omm"

"အဲဒါဆို ကျွန်တော်နေတဲ့ အခန်းရှေ့မှာ Hyung သီချင်း လာဆိုနေတာတို့ ကလေးက​​လေးနဲ့ လာအော်တာတို့ဆို
အိမ်အပြန် နောက်ကျမှာပေါ့။"

"အင်းလေ။"

"အဲဒါဆို Hyung က နေ့တိုင်း အဆူခံရတာပေါ့။"

"ဘာမှမဖြစ်ပါဘူးကွယ်။ မအိပ်ခင် "ရား...Park Sunghoon။ခင်ဗျား ဆက်အော်ရဲ အော်ကြည့်။ကျွန်တော် လာရိုက်မှာနော်" ဆိုတဲ့ အသံလေးကြားလိုက်ရတယ်ဆိုရင် အဆူခံရတာ တန်တယ်လေ။"

Sunoo ရဲ့ နှလုံးခုန်သံ မြန်သထက် မြန်လာလေပြီ။

"ဪ...အဲတုန်းက မသိလို့ မောင်းထုတ်မိခဲ့တာ တောင်းပန်ပါတယ်နော်။"

"အာ...ရတယ်ရတယ်။တောင်းပန်စရာမလိုပါဘူး။"

"ဟုတ်ကဲ့"

"လာလာ။ဒါက ကိုယ့်အခန်း။ ဒီတစ်ခန်းက ကလေးနေရမယ့်အခန်း။ ကုတင်တွေဘာတွေတောင် မရှိသေးဘူး။အဲ့အခန်းကဒီအတိုင်း ပိုနေတာ။ဒီညတော့ ကိုယ့်အခန်းမှာပဲ လာအိပ်
လိုက်နော်။"

"Omm Omm"

*****
ကိုယ်ကတော့ ပျော့အိ ညောင့်ညလှပါတဲ့ သူဌေးသားအိပ်တဲ့ မွေ့ယာပေါ်မှာ အိပ်ရတယ်။
သူဌေးသားကတော့ ကုတင်အောက် ဆင်းအိပ်နေရရှာရဲ့။

"Sunghoon Hyung...အော​က်မှာအိပ်ရတာ အဆင်ပြေရဲ့လား။ မပြေရင် ကျွန်တော် နေရာ လဲအိပ်ပေးမယ်လေ။"

My Rich Man | Sunsun | Where stories live. Discover now