Part - 14 U/Z

237 25 4
                                    

(03:00 am)

"Sunghoon... အဲ့မှာ ဘာလုပ်​နေတာလဲ။ အမ​ပြောတယ်​လေ...အခန်းထဲ သွားအိပ်ပါဆို။"

"ဟင့်အင်း...မသွားချင်ဘူးအမ။"

"ကဲ...ဘာဖြစ်တာလဲ ​ပြော။"

"Ddeonu က အစက ကျွန်​​တော့်ကို စိတ်နည်းနည်းဆိုးနေတာ။​နောက်​တော့ ကျွန်​တော်နဲ့ Wonyoung ဖုန်း​ပြောတာ
ကြားသွားပြီး အခုလို ဖြစ်သွားတာ။"

"သွား​ချော့​လေ အဲဒါ။"

"မ​ချော့ရဲဘူး။"

"​ပြောစမ်း။ နင်နဲ့ Wonyoung က ဘာအ​ကြောင်း​ပြော​တာလဲ။"

"Wonyoung က Yujin ကို ကြိုက်တယ်ဆိုလို့ သူဘာလုပ်ရမလဲဆိုတာ ​ပြောပြ​ပေး​နေတာ။"

"ဪ... အဲဒါဆို... ဘယ်လို​ချော့မလဲ။"

"မသိဘူး။ အမ​ပြောပြ။"

"​တောင်းပန်ပါတယ် ဘာညာပေါ့ဟဲ့။"

"ဟွမ့်...အဲဒါနဲ့ စိတ်​ဆိုးပြေမလားတဲ့။"

"ကိုယ်​တောင်းပန်ပါတယ်​ပေါ့။က​လေး​ ကိုယ့်ကို ခွင့်လွတ်​ပေး
နိုင်မလား​ပေါ့။"

"ဟုတ်ဟုတ်။အဲဒါဆို မနက်ကျရင် သွား​ချော့လိုက်မယ်။"

"​အေး..သွားအိပ်ချေ။​တော်ကြာ နင့်အ​မေသိသွားရင် ဆူခံရမယ်။"

"ဟုတ်။ ​ကျေးဇူးပါအမ။"

"ရပါတယ်။သွားအိပ်​ချေ။ သွား။"

"ဟုတ်။"

ကျွန်မ​ပြော​တော့မှ လှုပ်လှုပ် လှုပ်လှုပ်နဲ့ အခန်းထဲ ဝင်သွားသည်။ကျွန်မလည်း သွားပြန်အိပ်အုန်းမည်။

(04:07)

ဝှားးးးး.... ဆက်အိပ်ချင်ပါ​သော်လည်း ဗိုက်ထဲက အစာအိမ်သည် Party ပွဲကျင်းပ​နေ​သော​ကြောင့် ပြန်လည်နိုးထလာပါပြီ။

အခန်းပြင်ထွက်လိုက်​သောအခါ...
ဟင်! မျက်နှာချင်းဆိုင် Sunoo အခန်းတံခါးဝကို မျက်နှာ​ပေးပြီး ငူတူတူရပ်​နေတဲ့ Sunghoon ကို ​တွေ့ရတယ်။

"အမ​လေး...လန့်သွားတာပဲ Sunghoon ရယ်။နင်ဟာ​​လေ...သွားအိပ်ပါဆို​နေမှ။"

"ဟင့်အင်း...အိပ်မ​ပျော်ဘူး။"

"လာ...ငါ​အောက်ထပ်မှာ မုန့်သွားစားမလို့။ လိုက်မလား။"

My Rich Man | Sunsun | Where stories live. Discover now