"ဟူး...စောက်သုံးနည်းနည်းလေးမှမကျတဲ့ ငါက ဘာလို့ ဒီကမ္ဘာမှာ ရှင်သန်နေသေးတာလဲ။"
Sunoo က တစ်နေ့တစ်နေ့ နေဖို့စားဖို့အပြင် နာမကျန်းဖြစ်နေတဲ့ မိခင်ကိုလည်း ဆေးကုသဖို့ ကျောင်းမသွားခင် အချိန်ပိုအလုပ်လုပ်ရပါတယ်။
တစ်စုံတစ်ဦးရဲ့ ကုန်းတိုက်မှုကြောင့် မနည်းရှာထားရတဲ့ နွားနို့ပို့ပေးရတဲ့အလုပ် ကပြုတ်လာသေးတယ်။
အလုပ်ဖြုတ်ခံရတဲ့အပြင် စောက်သုံးမကျဘူးလို့ ၁၃၆ ခါလောက်ပြောခံရတော့ ဒေါသလည်းထွက် ဝမ်းလည်းနည်း။ညစာအတွက် ပိုက်ဆံမလုံလောက်တာကြောင့် ဆာလောင်မှုက ဒေါသကို လောင်စာဖြည့်ပေးနေသလိုပါပဲ။
ကြံရာမရအဆုံး အိမ်ပြန်လမ်းရဲ့ bus ကား မှတ်တိုင်မှာပဲ ကြယ်လေးတွေ ထွက်လာတဲ့အထိ သတိမထားမိပဲ ထိုင်နေမိတယ်။
"မပြန်သေးဘူးလား။"
"ဟင့်အင်း"
"ဗိုက်မဆာဘူးလား။"
ကိုယ်အမြင်ကပ်လှပါတဲ့ သူဌေးသား Park Sunghoon က
ဒီလိုအချိန်ကျတော့ လာမေးဖော်ရသား။"ဆာတာပေါ့။ ညစာဝယ်ဖို့ ပိုက်ဆံမှမလောက်တာ။"
"ရော့..ဒီမှာ ကလေးကြိုက်တဲ့ ဂျယ်လီ။"
နွားနို့ပို့တာမြန်လို့ Bonous ရမှသာ စားရလေ့ရှိတဲ့ ဂျယ်လီ။
"ကျွန်တော်ဘာလုပ်ရမလဲ Hyung"
အနီးဆုံးမှာရှိတဲ့ သူ့ကိုသာ တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး ငိုချလိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ရလာတဲ့ Choco ရနံ့ သင်းသင်းက Sunoo ရင်ထဲ နွေးထွေးစေတယ်။"ဘယ်လိုဖြစ်တာလဲ။"
"ကျွန်တော် အလုပ်မရှိတော့ဘူး။ညစာဖို့လည်း ပိုက်ဆံမလောက်ဘူး။Omma ဖို့တောင်မလောက်ဘူး။"
"Omm...ဒါဆို...အလုပ်လိုချင်လား။"
"လိုချင်တာပေါ့။"
"ဒါဆိုရင် ကိုယ့်အိမ်မှာ အလုပ်လုပ်မလား။"
"ဘာအလုပ်လဲ။"
"ရိုးရှင်းပါတယ်။အလုပ်က ကိုယ့်အနားနေပေးဖို့ပဲ။"
"ဘာ!"
YOU ARE READING
My Rich Man | Sunsun |