Part - 18 U/Z

235 26 2
                                    

ကျွန်​တော့်ကို ​ကျောင်းကို လိုက်ပို့​ပေးရန် အားတဲ့လူး မရှိတာ​ကြောင့် ​ကျောင်းကို တစ်​ယောက်တည်း လမ်း​​လျှောက်လာခဲ့ရသည်။ အခါတိုင်းဆို ​ကျောင်းပို့​ပေးဖို့လူ မရှိလျှင် ကိုကိုနဲ့ အတူ လာ​လေ့ ရှိ​ပေမယ့်....

မနက်ပိုင်း အတန်းချိန်တွင် Teacher ခွင့်ယူထားတာ​ကြောင့် အိမ်ကို လမ်း​လျှောက်ပဲ ပြန်လာခဲ့သည်။
အိမ်ပြန်လမ်းတွင် ​ရေခဲမုန့်ကားကြီး ​တွေတာ​ကြောင့် Mint Choco ​ရေခဲမြန့်​​လေး ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။

"ဦး​လေး.. Mint Choco ​လေး တစ်ခွက်​လောက်"

"တစ်ခွက်ပဲလား...ဟို မင်းနဲ့အတူ ဝယ်စား​နေကျ ​ကောင်​လေး​ကော? အဲ့​ကောင်​လေးက အမြဲ Coffee အရသာနဲ့ ​ရေခဲမုန့်ပဲ စားတာ​လေ..."

"သူက...အိမ်မှာ.."

"ဝယ်သွား​ပေးလိုက်​ပေါ့ ဒါဆို။"

"ဟုတ် အဲဒါဆို အဲ့ဒါ​လေး​ရော တစ်​လေးတစ်ခွက်​ပေးပါ.."

"​ရော့ပါဗျာ.."

"ဘယ်​လောက်လဲမသိဘူး..."

"3 dollar ပါ။"

"ဟုတ်။ ဒီမှာပါ ဦး​လေး။"

"ဟုတ်ပြီ။ အဲဒါဆို ဦး မူကြို​​ကျောင်းဘက်​လေး ပတ်လိုက်အုန်းမယ်​နော်။ ​ရေခဲအိတ်​လေး ယူ။ ​ရေခဲမုန့်​တွေပိုရင် အဲ့ ​ရေခဲအိတ်ထဲ ထည့်ထား။"

"ဟုတ်ကဲ့။ကျေးဇူးပါဗျ။"

"​အေး​အေး..သွားပြီ​နော်။"

"ဟုတ်။"

Korea မှာ ​ရေခဲမုန့်ကို Dollar နဲ့ ​ရောင်းတာက နည်းနည်း
ထူးဆန်း​ပေမယ့် အများက ဝယ်စားကြပါသည်။
​ရေခဲမုန့်​ရောင်းတဲ့ ဦး​လေးကြီးက လွန်ခဲ့တဲ့ တစ်နှစ်​လောက်ကတည်းက America က​နေ Korea ကို ​ပြောင်းလာခဲ့သည်။ ထို့​ကြောင့် အစပိုင်းတုန်းက ကျွန်​တော်တို့ ဘာသာစကားနဲ့ အံဝင်ခွင်ကျ မဖြစ်​သေး​ပေမယ့် အခု​တော့အဆင်​ပြေလာပါပြီ။
က​လေးအများစုက အဲ့ဦး​လေးကြီးကို ဦးဦး​​​ရေခဲမုန့်ဟု ​ခေါ်တတ်ကြသည်။ သူ့နာမည်က Jimmy ပါလို့ ​ပြောလည်း မရ။
ဦးဦး​ရေခဲမုန့်လို့ပဲ ​​ခေါ်ကြသည်။
သူက ကျွန်​တော်တို့ကို​တောင် မှတ်မိ​နေပြီ။ ဒီတစ်ခါမှာ​တော့ တစ်​ယောက်တည်း ဝယ်စားရတဲ့အတွက် ရင်ထဲမ​ကောင်း...
ကျွန်​တော် ဝယ်လာခဲ့တဲ့ Coffee Flavor ​ရေခဲ့မုန့်ကို စားမည့်သူ ရှိမှာ မဟုတ်မှန်း သိ​သော်လည်း ဝယ်ခဲ့လိုက်သည်။
ကျွန်​တော် ကိုကို့ကို ဘယ်​​လောက်ချစ်သလဲဆိုတာ ပြချင်​လို့​ပေါ့။

My Rich Man | Sunsun | Where stories live. Discover now