"ရား..Sunoo...ထတော့လေ။"
"အွန့်....မထချင်သေးဘူး။"
"အယ်...မထချင်လို့ ရမလားကွယ်။ ကျောင်းသွားရမယ်လေ။"
"ကျွန်တော် ကျောင်းမတက်တော့ဘူး။"
"အယ်..ဘာလို့?"
"နောက်နှစ်မှပဲ ပြန်တက်မှာ။ တတိယနှစ်ကို။"
"အယ်.....အဲ့ဆိုလည်း ထတော့။ နေဖင်ထိုးနေပြီ။"
"ဘယ်နှနာရီ ထိုးပြီမို့လဲ။"
"၉ နာရီ ထိုးနေပြီ။"
"ဟင်!၉ နာရီ?!"
"အင်းလေ။"
"ထတော့မယ်။ မဖြစ်ဘူး။ ရုံးကိုသွားရအုန်းမယ်။"
"ပြောနေမှပဲ။ မထပဲနဲ့။"
"မနက်စာကို ဟိုပဲ ယူသွားလိုက်တော့မယ်နော်။"
"အယ်.."
"အမက တအယ်အယ်နဲ့။ နောက်ကျရင် အမကို မအယ်အယ်လို့ပဲ ခေါ်တော့မယ်။ Choi EhEh Noona.."
"အယ်။"
"ဟားဟားဟား။"
"အေးပါ။ ရယ်ထားပါ။ ရယ်ထားပါ။"
"ဟဲဟဲ။"
.
.
."မင်းက ဘယ်သူလဲ။"
"ကျွန်တော် စုံထောက်ကြီး KyunMin ရဲ့ လက်ထောင်ပါခင်ဗျ။"
အလုပ်ခွင် Card ကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြလိုက်သည်။
"ဪ...အသစ်လေးပဲ။ နာမည်ဘယ်လိုခေါ်လဲ။"
"ဒီမှာရေးထားတယ်လေဗျာ။"
"Kim Sunoo။"
"ဟုတ်တယ်..ကျွန်တော့်နာမည် Kim Sunoo ပါ။"
"မင်းငယ်သေးတာပဲ။"
"ဟီးဟီး ဟုတ်။"
"ရော့..ဒီမယ် သော့။ ပြန်ရင် တံခါးတွေ သေချာပိတ်ခဲ့နော်။ မီးတွေရောပဲ။ ငါတို့တွေက ၄ နာရီလောက်ဆို အလုပ်ဆင်းတာ။ ငါဆို့အလုပ်ဆင်းပြီးရင် ရုံးမှာ မင်းတစ်ယောက်တည်းကျန်ခဲ့မှာ"
"ဟုတ်ကဲ့ပါ။ ကျွန်တော်ရဲသာလုပ်ဖူးတာ ရုံးထဲ မဝင်ဖူးဘူး။
အလုပ်ခွင် Card ပြားလေးလည်းမရဖူးဘူး။ အားအားရှိ ကင်းပဲ လှည့်နေရတယ်။"
YOU ARE READING
My Rich Man | Sunsun |