"Sunoo ဟိုဘက်ကသွား။ အကိုဒီဘက်ကသွားမယ်။"
"ဟုတ်။"
"သတိထားနော်။"
"စိတ်ချပါ။"
"အင်းအင်း။"
မရဲတရဲ သွားလိုက်ပြီး ဘာကိုမှ မတွေ့ရတာကြောင့် အကို Kyungmin သွားတဲ့ဘက်ကို လိုက်သွားဖို့ ကြံနေရင်း
ဝန်ထမ်းအပမဝင်ရဆိုတဲ့ အခန်းထဲက ဝုန်း ဆိုတဲ့အသံ ကြားတာကြောင့် ထိုအခန်းထဲ ဝင်ရန် အစီအစဥ်ပြောင်းလိုက်သည်။*ဒုတ်*
ကျွန်တော့်ကို တစ်ယောက်ယောက်က ထိုးလိုက်တာကြောင့်ရှောင်လိုက်ပြီး သေနတ်နဲ့ ရမ်းပစ်လိုက်သည်။
..
*ဒိုင်း ဒိုင်း ဒိုင်း*
"Sunoo"
"Sunoo..."
*ဝုန်း*
ဝင်မလို့ရှိသေး တံခါးပိတ်သွားတာကြောင့် စိတ်ပူစပြုလာလေပြီ။
"Sunoo Sunoo"
"အား"
Sunoo ရဲ့ ကျယ်လောင်တဲ့အော်သံကြောင့် တံခါး ကန်ဖွင့်နေတာကို ရပ်လိုက်ပြီး အကူခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။
"Sunoo အားတင်းထား။ အကူတွေလာနေပြီ"
ခပ်ကျယ်ကျယ် အော်လိုက်သည်။"လေဆိပ်ကို တပ်ကူပို့ပေးပါ။ Sunghoon ကိုဆက်သွယ်ပေးပါ။ Sunoo ဒဏ်ရာရထားတယ်။ ကျည်ကာတွေ ဝတ်လာကြပါ။ အန္တရာယ်အဆင့် အနီရောင်။ လေဆိပ်မှာပါ။ မြို့ထဲကလေဆိပ်ပါ။ ပြန်ပြောပါမယ်။ မြို့ထဲက လေဆိပ်မှာပါ။"
ဟု ခပ်သွက်သွက်ပြောရင်း တံခါးကို ကန်ဖွင့်။ ရိုက်ဖွင့်လိုက်သည်။ မရတဲ့အဆုံး သေနတ်နဲ့ ပစ်ကြည့်သည်။ ပွင့်မလာပေ။
*ဒိုင်း*
ကျွန်တော့်ကို တစ်စုံတစ်ယောက်က လှမ်းပစ်တာကြောင့် ဝပ်ချလိုက်ပြီး ခပိမြန်မြန်ပဲ အကာအကွယ် ယူလိုက်သည်။
"မြန်မြန်လာကြပါတော့ တပ်ကူရယ်။"
*ဒိုင်း*
ပစ်တဲ့သေနတ်က တော်တော်ပျင်း၏။
*ဒိုင်း ဒိုင်း ဒိုင်း*
YOU ARE READING
My Rich Man | Sunsun |