ည 11:00 ကျော်နေလေပြီ....
ကိုကိုက မပြန်လာသေး..
အစပိုင်းကတော့ သိပ်စိတ်မပူခဲ့ပေမယ့် ညည့်နက်လာတာနဲ့အမျှ စိတ်ပူစပြုလာပြီ...."Park Sunghoon.... မပြန်လာသေးဘူးလား....တကယ်ပါပဲ...."
ကျွန်တော်က ခဏတုန်းက ဖြစ်ပျက်သွားသည့် ကိစ္စကို ရှင်းပြချင်သည့် ဆန္ဒကြောင့်ရော ကိုကို့ကို ချစ်တဲ့ စိတ်ကြောင့်ရော
သူအပြန်ကို စောင့်နေခြင်းပင်။ အခြားလူဆိုလျှင် ဖြစ်ချင်ရာဖြစ် ပစ်ထားမည်ဖြစ်သည်။11:30....
12:00.....
12:30.....
အခုတော့ 1 နာရီ ထိုးခါနီးနေပြီ...
Ommanim တို့လည်း စိတ်ပူကာ မစားနိုင် မသောက်နိုင်....12:48...
*ဂျိန်း*
တံခါးကို ကန်ဖွင့်လိုက်သော ကိုကိုကြောင့် အိမ်ကလူတွေအားလုံး လန့်ဖြတ်သွားကြသည်။
ကိုကိုကတော့ အရက်ပုလင်းကိုကိုင်ကာ မူမမှန်သော ခြေလမ်းများဖြင့် အိမ်ပေါ်တက်သွားသည်။
သူအရက်သောက်လာတာ ဖြစ်မည်။
အိမ်ပေါ်မတက်ခင် ကျွန်တော့်ကို ဒေါသနှင့် ရွံရှာခြင်းတို့ ပါဝင်သော အကြည့်များဖြင့် ကြည့်ခဲ့ပြီး မှဲ့ပြုံးတစ်ချက် ပြုံးပြခဲ့သေးသည်။ကိုကို Sunoo ကို ရွံရှာသွားသည်၊မုန်းတီးသွားသည်ကို Sunoo မလိုချင်....
ထို့ကြောင့် အတတ်နိုင်ဆုံး နားမလည်မှုမလွဲအောင် ကြိုးစား ရှင်းပြရမည်။
ညစာ ဘာမှ မစားရသေး...
ဗိုက်ဆာပေမယ့် ဘာမှမစားချင်...
သူ့စိတ်ထဲမှာ Sunghoon သာ ရှိသည်။
သူ့ကို Sunghoon နားလည်မှု မလွဲစေဖိူ့ ဘယ်လိုရှင်းပြရမလဲဆိုတာကိုပဲ စဥ်းစားနေသည်။
ဘယ်သူ့ကို ရင်ဖွင့်ရမလဲဆိုတာကို စဥ်းစားနေသည်။
အလုပ်စလုပ်တဲ့ ညက သူရင်ဖွင့်ဖို့ Sunghoon ရှိခဲ့ပေမယ့်
အခုတော့...သူ ဘယ်သူ့ကို ရင်ဖွင့်ရမလဲ။သူအနီးဆုံး စဥ်းစားမိသည်က သူနဲ့ အသက် မတိမ်းမယိုင်း
Yang Jungwon...သူ့ထက်နည်းနည်းငယ်ပေမယ့်
Jungwon က သူ့ကို နားလည်ပေးနိုင်မည်ထင်သည်။
ကိုယ့်ထက်ကြီးတဲ့လူတွေဆိုရင် အဆူခံရနိုင်သည်။
ထို့ကြောင့် Jungwon ကို ရင်ဖွင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သို့သော် အခုက ည 1 နာရီ ကျော်နေပြီမို့...
စာပို့ဖို့သာ ဆုံးဖြတ်လိုက်သည်။
YOU ARE READING
My Rich Man | Sunsun |