• Present • U/Z

330 23 7
                                    

"Fighting ​ဖေ​ဖေ။ ​ဖေ​ဖေ လုပ်နိုင်တယ်။"

​​အောက်လွှာမှ ကလေးများ၏ ​အော်သံ​ကြောင့် ဝမ်းသာရသလို
စိတ်ပူမှုတို့က တစ်စ တစ်စ တိုးလာ၏။

"အားတင်းထား​နော်.."

"ကျွန်​​တော်...​ကြောက်တယ်။"

"ကိုကိုရှိတယ်...ဘာမှမ​ကြောက်နဲ့​နော်။"

"ကျွန်​တော်​သေမှာ​ ကြောက်တာမဟုတ်ဘူး။ ကိုကို ကျွန်​တော့်​နောက်ကို လိုက်လာမှာ​ကြောက်တာ.."

ဪ..Sunoo ရယ်...
အရင်က စိတ်မပူ​အောင် ​ပြောခဲ့တဲ့ စကား​တွေကို စွဲမြဲ​​​အောင် မှတ်ထားလို့​တော့ဘယ်ဖြစ်မလဲ။ ခက်တာပဲ Sunoo ရယ်..
__
"ထားမသွားရဘူး။ Sunoo ဘယ်ကိုသွားသွား..ကိုကိုလည်း လိုက်ခဲ့မှာ။ တမလွန်ကိုသွားရင် ကိုကိုလည်း ကိုယ့်ကိုကိုယ် သတ်​သေပြီး လိုက်ခဲ့အုန်းမှာ။"
__

"အင်း​လေ..အဲ့ဒါ​ကြောင့် ဘယ်မှ မသွားနဲ့​ပေါ့။"

"အကယ်၍...ကျွန်​တော်..​သေသွားခဲ့ရင်..မ..မလိုက်လာရဘူးနော်။"

"ဘာလို့လဲ။"

"SunYoon နဲ့ SunJin တို့ နှစ်​ယောက်တည်း ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ။"

"Sunoo သာ ဘယ်မှမသွားရင် ကိုယ်လည်း ဘယ်မှသွားစရာမလိုဘူး​လေ.."

"အကယ်၍ ကံကြမ္မာကြီးက ကျွန်​တော့်ကို မျက်နှာသာ မ​ပေးခဲ့ရင်​ကော.."

"အဲ့ ကံကြမ္မာဆိုတဲ့​ကောင်ကို ပါးဆွဲရိုက်မှာ​ပေါ့ ကိုကိုက။"

"ဘာပဲဖြစ်ဖြစ် ခဏက ကျွန်​တော်​တောင်းတဲ့ ကတိကို​တော့ တာိမယ်မလားဟင်။"

"တည်ပါတယ် Sunoo ရဲ့။"

"ကတိ။"

"ကတိ။"

"ကျွန်​တော် မရှိ​တော့ရင် က​လေးနှစ်​ယောက်ကို ​သေချာ​စောင့်​ရှောက်​နော်..အလိုအရမ်းမလိုက်နဲ့။ ဆိုး​နေမယ်။"

"အင်းပါ။"

"Finghting ​နော်။"

ကျွန်​တော့်စကားကို Sunoo က ဘာမှ ပြန်မ​ဖြေပဲ လက်မသာ ​ထောင်ပြလာသည်။

ယခုအချိန်ကား Sunoo နှလုံးထဲက ပို​နေသည့် အ​ကြော​လေးကို ဖြတ်ထုတ်ရမည့်အချိန်ပင်။
အရင်အချိန်​တွေမှာ Sunoo ​တော်​တော် ခက်ခဲခဲ့မှာပဲ။
အသက်ရှူ​တွေ အရမ်းကြပ်ပြီး ​အောက်ဆီဂျင်ပဲ အမြဲရှူ​နေခဲ့ရတာ။ လမ်းနည်းနည်း​လျှောက်တာနဲ့ နုန်းချိလာပြီး ပင်ပန်းလာတာတဲ့​လေ။
သူ အဲ့အ​ကြောင်းကို ဘာလို့ မ​ပြောပြခဲ့ပါလိမ့်...
​တော်ပါ​သေးရဲ့။ ​​ဆေးရုံ အတင်း ​​ခေါ်လာခဲ့​ပေလို့သာ​ပေါ့။
မဟုတ်ရင် ဘာဖြစ်မှန်း သိမှာမဟုတ်ဘူး။

My Rich Man | Sunsun | Where stories live. Discover now