"ကောင်လေး...မင်း ကံအရမ်းကောင်းတာ သိလား။
Boss က မင်းကို သဘောကျတယ်ထင်တယ်။
ငါပြောတာကော ကြားရလား?
ကြားရမယ် ထင်တယ်။
ငါ ပြောမယ်။
မင်းဘာမှ စိတ်မပူနဲ့။Boss က မင်းကို အထိအခိုက်ခံမှာ မဟုတ်ဘူး။ ငါမင်းကို ကိုယ်ခံပညာတွေ သင်ပေးမယ်။"ထိုလူကတော့ စိတ်မပူစေရန်၊မကြောက်ရန်၊သတိပြန်လည်စေရန် စကား မကြာခဏ ပြောပေးသည်။
သို့သော် K သည် သူ့ကိုယ်သူ စိတ်မပူသော်လည်း
မိဘနှစ်ပါး အဖို့တော့ စိတ်ပူမိသည်။
သူ့ကိုများ လိုက်ရှာနေလေမလား။
ရှာမတွေ့ရင် ငိုကြွေးနေလေမလား။
ရင်ကွဲနေလေမလား။အဲ့အချိန်မှာ သူတို့ နှစ်ဦးစလုံး သတိမထားမိတာက
သူတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုတာကို။"မင်းတွေ့မယ် သိလား။မင်းငါ့နေရာ ယူသွားလို့မဖြစ်ဘူး။"
ရေရွတ်လိုက်သည့် စကားသံတွင် ဒေါသ တို့ နှောနေသည်။
"ခဏလေးနော် ကောင်လေး။ငါ မင်းဖို့ ဆန်ပြုတ်သွားယူပေးမယ်။"
.
.
."အကို..ဒီမှာ ဘာလုပ်နေတာလဲ။"
"ဪ ဒီအထဲက ကောင်လေးကို လာကြည့်တာ။"
"အဲဒါဆို အတော်ပဲ အကိုရယ်..သူ့ကို ခဏ စောင့်ပေးထားပါလား..ကျွန်တော် သူ့ဖို့ ဆန်ပြုတ်လေး သွားယူပေးအုန်းမလို့။"
"သွားသွား"
"ဟုတ်ကဲ့"
*ငါက သောက်ကလေးကို စောင့်ပေးရအုန်းမယ်တဲ့..စောင့်ပေးစရာလား*
.
.
.
."ဆန်ပြုတ်ရပါပြီ...ဟင်?...အကိုဘယ်ရောက်သွားလဲ
.
.
.ဒီအကို့နှယ် ဘယ်တွေသွားနေပါလိမ့်..စောင့်ပေးဖို့ ပြောထားတာကို...ကျစ်...ထားပါတော့..
ကဲ ကောင်လေးရေ..ထနိုင်လား..ထနိုင်ရင် ဆန်ပြုတ်လေး ထစားပါအုန်း။"
စကားဆုံးသည်နှင့် တပြိုင်နက် သူ့ကို ဆွဲထူပေးသည်။
သတိ ဖြတ်ခနဲ ကပ်မိသည်။
YOU ARE READING
My Rich Man | Sunsun |