ထောင်ထဲတွင် 6 လကျော် ကြာလာလေပြီ။
Kim Sunoo ကို တွေဖို့ ဧည့်သည် လာတယ် ဆိုတိုင်း ပြေးကြည့်လျှင် Ommanim ဒါမှမဟုတ် Wonyoung တို့အတွဲ ဒါမှမဟုတ် ဟို ၅ ယောက်သာ။
မျှော်နေတဲ့လူက အခုချိန်ထိ လာမတွေ့ပါ။
ထောင်ထဲမှာတင် သေသွားပါစေဟုသာ ဆုတောင်းမိသည်။
ထောင်ထဲက အကိုကြီးများ၏ အလိုလိုက်ခြင်းကို ခံရသော်လည်း မပျော်မိ။ မကျေနပ်မိ။
Park Sunghoon ဆိုသည့် လူကြီးကိုသာ မျှော်နေမိသည်။
လာတွေ့တဲ့လူတွေ အားလုံးကလည်း ပျော်ပျော်နေရန်သာ ပြော၏။ ပျော်ပျော်နေဖို့ဆိုတာ သူတို့ပြောသလောက် မလွယ်ပါ။ ကိုယ့်ဆီမှာ ရှိတဲ့ အပူတွေ၊ လွမ်းဆွတ်မှုတွေ၊ ပင်ပန်းမှုတွေ၊ မျှော်မှန်းမှုတွေ၊ လောဘတွေ၊ ဒေါသတွေကို ဥပေက္ခါ ပြုနိုင်မှသာ ပျော်ပျော်နေနိုင်မည်။ ခဏလောက် မေ့ထားမှသာ ပျော်ပျော်နေနိုင်မည်။
သို့သော် ကျွန်တော်က အဲ့လောက် စိတ်မမာ။ မေ့လည်း မမေ့နိုင်။စုံထောင်ကြီးကလည်း ရအောင်လွှတ်ပေးမယ်။ ရအောင်လွှတ်ပေးမယ်နဲ့ အခုထိ မလွှတ်ပေးသေးပါ။
"Kim Sunoo စစ်ဆေးခန်းထဲကို လာပေးပါ။"
.
.
."Shin Ji-Hwa ကို သိလား။"
"အဲ့တစ်ယောက်က ကျွန်တော့်ကို ဒုက္ခပေးတဲ့ တစ်ယောက်။"
"အဲဒါကြောင့် သူ့ကို သေနတ်နဲ့ ပစ်တာလား။"
"Omm"
"သူ့ကို ခေါ်ခဲ့။"
စုံထောက် Kyungmin ပြောတော့ ထောင်မှူးနှစ်ယောက်က Shin Ji-Hwa ကို ခေါ်လာသည်။
"Shin Ji-Hwa?"
"ဟုတ်တယ်။ သူ့ကို မိထားတယ်။"
"ဖမ်းလိုက်ပြီလား။"
"အင်း။ သူ့ကို စစ်ဆေးပြီး ထောင်ချရမှာ။"
"ဟုတ်လား? ကောင်းလိုက်တာဗျာ။"
"အင်း။ မင်းကျေးဇူးကြောင့်ပေါ့။ သူနေတဲ့ တက္ကသိုလ်ကိုလည်း ပြောပြတယ်။ ပြီးရင် MinSeo ရဲ့ အိမ်လိပ်စာလည်း ပြောပြတယ်လေ။"
"ဟဲဟဲ။ ဒီလောက်တော့ ကူညီရမှာပေါ့ဗျာ။"
"အဲ့အကူအညီက တော်တော်ကို အထောက်အကူဖြစ်တာဗျာ။
သူ့တက္ကသိုလ်နဲ့ MinSeo တို့ အိမ်သွားတဲ့ လမ်းမှာ ဖမ်းမိတာလေ။"
YOU ARE READING
My Rich Man | Sunsun |