Part - 17 U/Z

223 24 0
                                    

*​ဒေါက် ​ဒေါက် ​ဒေါက်*

"ဘယ်သူလဲ။"

ရှင်းပြဖို့ တံခါးသွား​ခေါက်​တော့ အသံမာမာနဲ့ ​မေးလာတဲ့ ကိုကို။

"ကျွန်​တော်ပါ။"

"ထွက်သွား။"

"ဟင့်အင်း...ကျွန်​​​တော်က ခင်ဗျားအပိုင်ဆို? ဘာလို့ထွက်သွားခိုင်းတာလဲ။"

"မင်းကို မုန်းလို့။"

"ကျွန်​​တော်ကလည်း ခင်ဗျားကို အမြင်ကပ်ပါတယ်။ ဒါ​ပေမယ့် သံ​ယောဇဥ်က တွယ်တုန်းပဲ​လေ။ ခင်ဗျား ကျွန်​တော့်ကို ရှင်းပြခွင့် နည်းနည်းမှ မ​ပေးချင်ဘူးလား။"

"မ​ပေးချင်ဘူး။"

"ဒါဆိုလည်း ကျွန်​တော် ရှင်သန်​နေစရာ မလို​တော့ဘူးထင်တယ်။"

"ဘာ​တွေလာ​ပြော​နေတာလဲ။"

"ဟုတ်တယ်​လေ...ကျွန်​တော် ရှင်သန်​နေတဲ့ အ​ကြောင်းအရင်းက ခင်ဗျားအနားမှာ ရှိချင်လို့။ ခင်ဗျားသာ ကျွန်​​တော့်ဘဝထဲ မ​ရောက်လာရင် ကျွန်​တော့်ကို ကျွန်​တော် သတ်​သေပစ်တာ ကြာပြီ။"

"ဟက်...လဲ​သေလိုက်။"

ဘာလဲ။ သူဘာလို့ ကျွန်​တော့်ကို နာကျင်​စေတဲ့ စကား​တွေပဲ ​ပြော​နေတာလဲ။

"အဲဒါဆိုလည်း ပြီးတာပဲဗျာ။"

မရတဲ့အဆုံး ဟိုဘိုး​တော်ကို လက်စား​ချေပြီးပြ ပညန်​ချော့ရန် စဥ်းစားမိသည်။ ကျွန်​တော်မသိခင်မှာပဲ မျက်ရည်​တွေ ထွက်ကျနှင့်ပြီးပြီ။ ကိုယ့်ကိုကိုယ် ကိုကိုနဲ့ ပတ်သတ်လာလျှင် ​ပျော့ညံ့သည်ကို မကြိုက်။ အဲလို​ပျော့ညံ့လို့လည်း န ကျင်ရ​ပေါင်းများပြီ။ ဝမ်းနည်းရ​ကြောင်းများပြီ။
အခုမှ သတိရသည်။ကျွန်​တော့် အင်္ကျီထူထဲမှာ ​ဆေးလိပ်​တွေ ကျန်​သေးသည်။ အခု ​သောက်မည်။ မကိုယ့်ကိုကိုယ် ​ပျော့ညံ့တဲ့လူ မဖြစ်​အောင် ​ဆေးလိပ်​သောက်ခြင်းဖြင့် စတင်ရမည်။

​ဆေးလိပ်​ဘေး အ​ပြေးယူရင်း တစ်ဖွာ ဖွာလိုက်သည်။
အဟွတ်။ နံလိုက်တာ။ နံ နံ မ နံ နံ ​သောက်မည်။ အဲဒါမှ
​ပျော့ညံ့တဲ့လူ မဖြစ်မှာ။
​ဆေးလိပ်​သောက်ရင်း မျက်ရည်​တွေက အဆက်မပျက် ကျ​နေသည်။ကိုကိုနဲ့ ​နေချင်ရင် အနာခံရမှာဆို​တော့ ခံနိုင်ရည်ရှိ​အောင် လုပ်ထားရမယ်​လေ။ နာကျင်မှကို အသားကျ​အောင် လုပ်ထားရမယ်​လေ။

My Rich Man | Sunsun | Where stories live. Discover now