ကျွန်တော့် ကလေးလေးက ဒီနေ့ အရမ်း ပျော်နေတာ။
Camera ကောင်းတဲ့ Phone တစ်လုံး ဝယ်ပေးလိုက်တာ မှားပြီလား မသိပါဘူးဗျာ...ဟိုဟာလေးမြင်ရင် ဓာတ်ပုံရိုက်၊
ဒါလေးမြင်ရင် ဓာတ်ပုံရိုက်။ဘာမှ ရိုက်စရာမရှိရင် ကျွန့်တော့်ကို ရိုက်ရင်ရိုက် မရိုက်ရင် သူ့ဘာသာသူ Selca ရိုက်။
သူလေး အခုလို ပြုံးပျော်နေတာ မြင်ရရင် ကျွန်တော်လည်း
ပီတိ ဖြစ်ရပါတယ်ဗျ။ဟိုမှာ တွေလား။
"Bye Bye နောက်မှ တွေ့မယ်။"
"Ok ok bye bye"
ဟိုငါးယောက် ပြန်သွားပြီဆိုတော့ အိမ်မှာ ခြံစောင့် ဦးလေး၊ ဟင်းချက်တဲ့ အမကြီး၊ အိမ်အကူ အဒေါ်ကြီးနဲ့ ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်ပါတယ်။
"အဒေါ်ကြီးရေ ကျွန်တော်တို့ Omma ကို သွားကြိုလိုက်အုန်းမယ်။ဟိုလေ....Ddeonu (Sunoo's nickname)ရဲ့အခန်းပြင်ရမှာ အဲဒါ ကုတင်တစ်လုံးမှာထားတာ ခဏနေရင် ရောက်မှာတဲ့။အဲဒါလေ....သန့်ရှင်းရေးလေး နည်းနည်း လုပ်ပေးထားလို့ ရလားဗျ။ အိပ်ရာတွေ ဘာတွေက ကျွန်တော်တို့ဘာသာ လုပ်လိုက်မယ်။သနားပါတယ် သူမနေ့ညက သူတစ်
ထည်း အိပ်ချင်လို့ဆိုပြီး သူ့အခန်းမှာ အခင်းလေးခင်းပြီး
အိပ်နေတာ။အဲဒါကျွန်တော်လည်း သနားလို့ဆိုပြီး သူ့နားသွားအိပ်လိုက်တယ်။""ဪ...ရတယ်။ရတယ်။လုပ်ထားပေးမယ်။"
"ဟုတ်ကဲ့...ကျေးဇူးပါ။ဪ...ဒါနဲ့လေ Ddeonu ရဲ့ Omma ဖို့လည်း ကုတင် တစ်လုံး မှာပေးထားသေးတယ်။"
"ဪ....ဟုတ်ပြီ။ဟုတ်ပြီသားလေး။အဒေါ်ကြီး လုပ်ထားလိုက်မယ်။"
"ဟုတ်ကဲ့ ကျေးဇူးပါ။"
"ဒါနဲ့လေ ဟို Ddeonu Omma ရဲ့ ကုတင်ကို ဘယ်မှာ ထားမှာလဲ။"
"အအောက်ထပ်မှာပဲ ထားမှာ။ဘာလို့လဲဆိုတော့ ဟိုလေ....
လူကြီးတွေ ဆိုတော့ လှေကား တက်ရတာ အခက် အခဲရှိတယ်လေ။နောက်ပြီး Ddeonu Omma က ကျန်းမာရေး မကောင်းဘူးဆိုတော့ ပိုဆိုးတာပေါ့။ ဪ...ဒါနဲ့လေ သူ့ကို Ddeonu လို့မခေါ်နဲ့ Sunoo လို့ပဲခေါ်။"
YOU ARE READING
My Rich Man | Sunsun |