Chapter -48

12.4K 1.1K 39
                                    

Zawgyi

နေ့လည်စာတစ်ဖြတ်နားချိန်ရောက်လာတော့ ကျောင်းသား၊ကျောင်းသူများဟာလည်း အတန်းထဲကနေ ပျော်ရွှင်စွာ ထွက်လာကျတော့သည်၊

လော့ရှန်ဟွာနဲ့ထန်းဟော်ရှဟာလည်း ကန်တင်းဆီထွက်လာတော့သည်၊ဟိုကို ရောက်တော့ ရှအန်းထျန်းဟာ ထိုင်နေပြီး သူ့တို့ကို လာထိုင်ရန် အမူအယာပြတော့သည်၊လော့ရှန်ဟွာက ရှအန်းထျန်းနဲ့ထန်းဟော်ရှကြားက ပြသာနာကို သတိမထားမိတာကြောင့် ပေါ့ပေါးပါးပါးနဲ့သာ ခုံဆီလျှောက်သွားရင်း ဝင်ထိုင်တော့သည်၊ထန်းဟော်ရှဟာ ရှအန်းထျန်းကို မကြည်ကြည့်တစ်ချက်ကြည့်လောက်ပေမယ့် ရှအန်းထျန်းဘေးနားမှာ စိတ်ပျက်လက်ပျက်ဝင်ထိုင်တော့သည်၊

"လီကုန်းရွှေနဲ့ကုဖုန်းမော့က အစားအသောက်သွားယူတယ်" ရှအန်းထျန်းဟာ ပြောလိုက်ပြီးနောက်မှာ သူဟာ ထန်းဟော်ရှကိုသာ စိုက်ကြည့်နေလိုက်သည်၊ရှအန်းထျန်းရဲ့ပယင်းရင့်ရောင်မျက်ဝန်းတစ်စုံကြောင့် ထန်းဟော်ရှနေရခက်ဖြစ်နေတာကြောင့် ရှအန်းထျန်းရဲ့​ခြေထောက်ကို စားပွဲအောက်ကနေ လှမ်းတို့ကာ သူ့ကို မကြည့်ရန် သတိပေးသည့်အကြည့်ကြည့်လိုက်သည်၊ဒါပေမယ့် တစ်ဖက်လူဟာ သူ့ပေါင်ပေါ် လက်တင်လာရုံသာမက ပွတ်သပ်လာသည့်ချိန်မှာတော့ ထန်းဟော်ရှလန့်ဖြန့်သွားကာ မတ်တပ်ထရပ်မိတော့သည်။

"ဟော်ရှ ဘာဖြစ်တာလဲ" မျက်နှာချင်းဆိုင်မှာထိုင်​နေတဲ့လော့ရှန်ဟွာလည်း ရုတ်တရက်မတ်တပ်ထရပ်လိုက်တဲ့ထန်းဟော်ရှကြောင့် ကြောင်အသွားပြီး မေးလိုက်သည်၊

ထန်းဟော်ရှဟာ မျက်နှာတစ်ပြင်လုံးသာမက နားနဲ့လည်ပင်းပင်နီရဲနေပေမယ့် ရုပ်ကိုတည်ထားကာ ခုံမှာပြန်ထိုင်လိုက်ပြီး လော့ရှန်ဟွာကို ဘာမှမဖြစ်ကြောင်းပြောလိုက်သည်၊ထိုနောက်မှာတော့ ရှအန်းထျန်းကို ငြိမ်ငြိမ်နေရင် သတိပေးအကြည့်ကြည့်လိုက်သည်။

"ရှန်ဟွာ မင်းတို့ရောက်နေပြီပဲ" ကုဖုန်းမော့နဲ့လီဖုန်းရွှေဟာ အစားအသောက်မှာပေးပြီးနောက်မှာ ခုံကို ပြန်ရောက်လာကာ ဝင်ထိုင်ရင်းပြောလိုက်သည်၊

လော့ရှန်ဟွာဟာ ခေါင်းညိတ်လိုက်ပြီးနောက်မှာ ကုဖုန်းမော့ကို တစ်ချက်ကြည့်လိုက်ပြီး

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Wo Geschichten leben. Entdecke jetzt