Chapter-96

3.3K 363 0
                                    

Zawgyi

လော့ကျန်းပေ့နဲ့လော့ကျန်းရှီက စံအိမ်တော်ကနေထွက်လာချိန်မှာ လူနှစ်ယောက်နဲ့တိုးတော့သည်၊လော့ကျန်းရှီရဲ့အမူအရာက အနည်းငယ်ပျက်ယွင်းသွားပေမယ့် တစ်ဖက်ကလူငယ်က သူတို့ကိုမြင်တော့ပျော်ရွှင်သွားပုံရသည်၊

"အစ်ကိုလော့နဲ့အစ်ကိုကြီးလည်း အဘိုးဆီ လာလည်တာလား" ပြောလာတဲ့သူကတော့ လော့ဖုခေါ်လာတဲ့မွေးစားသားဖြစ်သည်၊

"အကုန်လုံးက လော့မိသားစုဝင်တွေပဲဆိုတော့ အစ်ကိုလော့ကို ကိုကိုကျန်းပေ့လို့ခေါ်လို့ရလားဟင်" လော့ချင်းဟွာက မျက်လုံးလေးကလယ်ကလယ်လုပ်ပြရင်း လော့ကျန်းပေ့ကိုကြည့်ရင်းမေးလိုက်သည်၊

"အပြင်ကလာတဲ့သူစိမ်းတစ်ယောက်က ငါ့နာမည်ခေါ်ဖို့ တန်တယ်ထင်နေလား" လော့ကျန်းပေ့က အေးစက်စွာရှုံ့ချလိုက်တော့ လော့ချင်းဟွာက မျက်နှာညှိုးနွမ်းသွားပြီး တောင်းပန်စကားပြောလိုက်သည်၊

"အစ်ကိုကျန်းပေ့ကလည်း ညီအစ်ကိုအချင်းချင်းပဲလေ၊ အသားပဲ့သွားမှာလည်းမဟုတ်ဘူး"လော့အန်းရန်က မျက်နှာမကောင်းဖြစ်သွားတဲ့လော့ချင်းဟွာကြောင့် ဘေးကနေဝင်ပြောပေးလိုက်သည်၊

"သူ့ကိုယ်ထဲမှာ လော့မိသားစုတွေ စီးဆင်းနေရင်တမျိုးပေါ့...ဒါမှမဟုတ် ညီအစ်ကိုတွေလို့ပြောဆိုပြီး သတို့သားရှိတဲ့ယောက်ျားကို မပစ်မှားဘူးဆိုရင် ငါလက်ခံပေးတယ်" လော့ကျန်းပေ့က အထင်သေးစွာပြောဆိုပြီးနောက်မှာ ထွက်သွားတော့သည်၊ လော့ချင်းဟွာကတော့ လော့ကျန်းပေ့စကားကြောင့် အောက်နူတ်ခမ်းကိုကိုက်လိုက်ပြီး မျက်ရည်များဝေ့လာတော့သည်၊ လော့အန်းရန်က လော့ကျန်းပေ့နဲ့လော့ချင်းဟွာကြားမှာ တစ်ခုခုရှိကြောင်း သတိထားမိသွားချိန်မှာ သူက ချောင်းဟက်လိုက်ပြီးပြောလိုက်သည်၊

"အဘိုးကို သွားတွေ့လိုက်အုံးမယ်... ကိုယ့်ကို စောင့်နေနော်" လော့အန်းရန်က လော့ချင်းဟွာရဲ့ခေါင်းကို ပုတ်လိုက်ပြီး စံအိမ်တော်ထဲကိုဝင်သွားတော့သည်၊ထိုချိန်မှာ လော့ချင်းဟွာက လော့ကျန်းပေ့ထွက်သွားတဲ့ဘက်ကို လှည့်ကြည့်ပြီး လိုက်သွားဖို့ပြင်ချိန်မှာ လော့ကျန်းရှီကလော့ချင်းဟွာကို ပြောလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now