Chapter-80

6.3K 497 12
                                    

Zawgyi

နောက်တစ်နေ့ရောက်တော့ စာမေးပွဲရှိနေတာကြောင့် ဂျူနီယာကျောင်းဆောင်က အရင်နေ့တွေကထက် ကျောင်းဟာ ဆူညံ့နေ​ပြီး ဟိုနားတစ်အုပ်၊ဒီနားတစ်အုပ်နဲ့ ကျောင်းသားတွေက ကုန်းရုန်းကာ စာကျက်နေတော့သည်၊

ထိုမြင်ကွင်းကိုကြည့်ပြီး လော့ရှန်ဟွာကပြုံးသွားတော့သည်၊လီရှန်းဟွာဘဝတုန်းကလည်း သူ့သူငယ်ချင်းတွေနဲ့လည်း စာမေးပွဲခန်းထဲမဝင်ခင်မှာ အုပ်စုဖွဲ့ကာ ပါနိုင်တဲ့ပုစ်ဆာများကို အသေအလဲကျက်မှတ်ဖူးသည်၊

"ရှန်ဟွာ လာပြီလား" ထန်းဟော်ရှက လော့ရှန်ဟွာကို မြင်တော့ပျော်ရွှင်သွားတော့သည်၊ လော့ရှန်ဟွာကိုလှမ်းခေါ်လိုက်ပြီး သူဦးထားတဲ့သစ်ပင်အောက်ကို ဆွဲခေါ်သွားတော့သည်၊ထို့နောက်မှာတော့ ထန်းဟော်ရှက လော့ရှန်ဟွာကိုစာရွက်တစ်ရွက်ပေးလိုက်သည်၊

"မနေ့က စီနီယာလီက ပါနိုင်ချေရှိတဲ့ဟာတွေကို ငါ့ကိုပေးလိုက်တာလေ၊"

လော့ရှန်ဟွာက စာရွက်ကိုယူလိုက်ပြီးတော့ ကြည့်လိုက်သည်၊အပိုဒ်အကုန်လုံးနီးပါးက သူရပြီးသားတွေဖြစ်တာကြောင့် ထန်းဟော်ရှကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည်၊

"ဒါတွေက ငါကျက်ပြီးသားတွေလေ၊အကုန်အလွတ်ရပြီးသား"

ထို့နောက်မှာတော့ စာမေးပွဲဖြေချိန်နီးလာတာကြောင့် သူတို့က ခုံနံပါတ်ကိုရှာဖွေရင်း သူနဲ့ထန်းဟော်ရှက အခန်းမတူကြောင်းသိလိုက်ရသည်၊ပြီးတော့ လော့ရှန်ဟွာက မုချန်းရုံနဲ့ရန်ကောရှီတို့ဖြင့် အခန်းသွားတူနေတော့သည်၊လော့ရှန်ဟွာက ရန်ကောရှီကို တစ်ချက်နူတ်ဆက်လိုက်ပြီးနောက်မှာ ခုံမှာဝင်ထိုင်လိုက်သည်၊

လော့ရှန်ဟွာစိတ်ထဲမှာ မုချန်းရုံနဲ့အတန်းတူတဲ့အပေါ်ကို သိပ်တော့သဘောမကျသလို၊ ပြဿနာတစ်ခုခုဖြစ်တော့မည်လို့လည်း စိတ်ထဲရနေတော့သည်၊ဒါပေမယ့် ပထမရက်စာမေးပွဲပြီးပြီနောက်မှာလည်း ဘာပြဿနာမှတော့မရှိပေ၊

လော့ရှန်ဟွာက စာမေးပွဲရှိတာကြောင့် လော့အိမ်တော်ကို မပြန်ပဲ လီကုန်းရွှေအိမ်၌သာ စာလုပ်နေခဲ့သည်၊ဘာကြောင့်မှန်းမသိပေမယ့် သူ့စိတ်ထဲမှာ ပြဿနာတစ်ခုပြီးတစ်ခုလာတော့မည်လို့ခံစားရတာကြောင့် သက်သေအထောက်အထားပြသဖို့ လုပ်နေရသည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Wo Geschichten leben. Entdecke jetzt