Chapter-99

2.9K 325 2
                                    

Zawgyi

လော့ကျန်းပေ့က လော့ရှန်ဟွာကို အစည်းအဝေးနဲ့ပတ်သတ်ပြီး ရှင်းပြနေချိန်မှာ လော့ချင်းဟွာက သူတို့အနီးကိုရောက်လာတော့သည်၊လော့ချင်းဟွာရဲ့အကြည့်တွေက လော့ရှန်ဟွာပေါ်ရောက်ချိန်မှာ မလိုမုန်းတီးမှုများပြည့်သိပ်နေတော့သည်၊

သူတို့နှစ်ယောက်လုံးက လော့ရွှင်းမျိုးနွယ်စုနဲ့မသက်ဆိုင်တာတောင် လော့ရှန်ဟွာက သူ့ထက်သာလွန်နေသည်ကို လက်မခံနိုင်ဖြစ်နေတော့သည်၊

"သခင်လေးလော့ကျန်းပေ့က သူ့ခင်ပွန်းသည်​လေးကို သိပ်ဂရုစိုက်တတ်လိုက်တာနော်"

"ဟုတ်ပနော် ငါတော့ အားကျနေပြီ...ပြီးတော့ သူတို့နှစ်ယောက်ရဲ့အမူအရာတွေအပြုအမူတွေကိုကြည့်ကြည့်ဦး တစ်ယောက်ကို တစ်ယောက်ကြည့်တိုင်း ချစ်ရိပ်တွေနဲ့ပြည့်သိပ်နေတာ" လော့ချင်းဟွာက သူထိုင်တဲ့ဘေးနားရှိ မိန်းကလေးနှစ်ယောက်က လော့ကျန်းပေ့တို့ကို ကြည့်ကာ အားကျနေသည်ကိုမြင်တော့ မျက်စိထဲ မကျေနပ်မှုတွေဖြတ်သွားတော့သည်၊

'ဘာတွေများ လိုက်ဖက်လို့လဲ၊ ငါ့ရုပ်ကမှ လော့ရှန်ဟွာထက် ပိုသာနေတာကို!'

လော့ချင်းဟွာက မနာလိုဖြစ်ပြီး သူဟာ လော့ကျန်းပေ့တို့နားသွားပြီးတော့ နူတ်ဆက်လိုက်သည်၊

"အစ်ကိုလော့ ထပ်တွေ့ပြန်ပြီနော်"

လော့ကျန်းပေ့က "အင်း"လို့သာပြောလိုက်ပေမယ့် လှည့်တောင်မကြည့်ပေ၊လော့ရှန်ဟွာကတော့ လော့ချင်းဟွာကို စိုက်ကြည့်ပြီးနောက်မှာ စိတ်ထဲမှာ ရင်းနှီးနေသလိုခံစားရသည်၊

"ရှယ်ယာအစည်းအဝေးက ဘယ်လိုမျိုးလဲမသိဘူးနော်...ချင်းဟွာက လော့ရွှင်းမှာ အသိမိတ်ဆွေတွေမရှိတော့ လော့ရွှင်းရဲ့ရှယ်ယာအစည်းအဝေးကို ဝင်ဖွင့်မရှိဘူး..."

"အစ်ကိုလော့က ချင်းဟွာကို အတွေ့အကြုံမမျှဝေချင်ဘူးလားဟင်" လော့ချင်းဟွာက လော့ကျန်းပေ့ရဲ့လက်မောင်းကို လှမ်းဆုပ်ကိုက်မည့်အချိန်မှာ လော့ကျန်းပေ့က နေရာရွေ့လိုက်ပြီး ပြောလိုက်သည်၊

"ကိုယ့်အဆင့်ကိုယ်သိ"

"ဒယ်ဒီကလဲ သူက အခုမှ ရောက်ဖူးတာလေ...အဲလိုမပြောပါနဲ့"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Onde histórias criam vida. Descubra agora