Chapter-105(ဇာတ်သိမ်းပိုင်း)

7.9K 406 26
                                    

Zawgyi

လော့ကျန်းပေ့က လော့ရှန်ဟွာကို လော့ရွှင်းရဲ့ပင်မအိမ်တော်ကြီးကို ခေါ်ဆောင်သွားတော့သည်၊လော့ရှန်ဟွာက နားမလည်ပေမယ့် သူရောက်လာချိန်မှာ လူတွေအတော်စုံနေတာတွေ့လိုက်ရသည်၊ ပြီးတော့ သတင်းထောက်တွေပါရှိနေပြီး သူတွေးလိုက်တာက 'ဒီနေ့ ဒယ်ဒီရဲ့ဆက်ခံသူတရားဝင်ပွဲနေ့လား'၊

လော့ရှန်ဟွာရဲ့ဝှီးချဲလ်ကို အန်တီယင်ကတွန်းလာပြီး လော့ကျန်းပေ့ကတော့ ဘေးနားကနေ လမ်းလျှောက်ရင်း လော့ရှန်ဟွာဘက်ကို လှည့်လိုက်ပြီး ကြမ်းပေါ်ဒူးတစ်ဖက်ထောက်လိုက်ပြီး လော့ရှန်ဟွာရဲ့လက်ကို ကိုင်လိုက်သည်၊

"ကိစ္စတွေပြီးသွားရင် အိမ်ပြန်ကြမယ်နော်...ကလေးလေး"

"ဟုတ် ဒယ်ဒီ" လော့ရှန်ဟွာက ပြုံးလိုက်တော့ လော့ကျန်းပေ့လည်း ရယ်လိုက်ပြီးနောက်မှာ လော့ရှန်ဟွာရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်သည်၊ထို့နောက်မှာတော့ ပတ်ဝန်းကျင်က ကင်မရာရိုက်သံများ ထွက်ပေါ်လာတော့သည်၊လော့ရှန်ဟွာက အနည်းငယ်လန့်သွားပေမယ့် သူက ကျင့်သားရအောင်ကြိုးစားလိုက်ရသည်၊အရင်က သတင်းထောက်တွေဆီက ဓာတ်ပုံရိုက်တာခံရဖူးပေမယ့် အခုလိုမျိုး စုပြုံပြီးရိုက်တာမကြုံဖူးတာကြောင့် အနည်းငယ်လန့်ဖြန့်သွားသည်၊

"ခင်ဗျားတို့ ရိုက်လို့မပြီးနိုင်ဘူးလား" လော့ကျန်းပေ့က ပြန်မတ်တပ်ရပ်လိုက်ပြီး လော့ရှန်ဟွာရှေ့ကွယ်ကာ သတင်းထောက်တွေဘက်ကိုကြည့်ကာမေးလိုက်သည်၊သတင်းထောက်တွေလည်း သူတို့လုပ်ရပ်က အနည်းငယ်လွန်သွားမှန်းနားလည်တာကြောင့် တိတ်ဆိတ်သွားတော့သည်၊

ဒါပေမယ့် အကြီးအမှူးက လေထုအခြေအနေကိုထိန်းရန်အတွက် လော့ကျန်းပေ့ကို စင်မြင့်ပေါ်ကိုဖိတ်ခေါ်လိုက်သည်၊အန်တီယင်ကလည်း လော့ရှန်ဟွာကို လုံခြုံတဲ့နေရာဆီကို ခေါ်ဆောင်သွားတော့သည်၊လော့ရှန်ဟွာကို ခေါ်ဆောင်သွားတဲ့​နေရာက အရှေ့ဆုံးနားဖြစ်နေပြီး တချို့သောလော့အိမ်တော်သားတွေပါတွေ့လိုက်ရသည်၊

လော့ရှန်ဟွာက လော့ကျန်းရှီကိုမမြင်ပေမယ့် လော့အန်းရန်နဲ့အခြားသူတွေကိုတော့မြင်လိုက်ရပြီး တချို့က သူ့ကိုတစ်ချက်သာပြုံးပြပြီး တချို့ကတော့ မကျေနပ်စွာစိုက်ကြည့်နေသည်၊လော့ချင်းဟွာကလည်း လော့ဖုဘေးနားမှာထိုင်နေပြီး လော့ရှန်ဟွာကိုမုန်းတီးစွာစိုက်ကြည့်နေသည်၊လော့ရှန်ဟွာက တစ်ချက်သာပြုံးပြလိုက်ပြီး စင်မြင့်ပေါ်မှာ စကားပြောနေတဲ့လော့ကျန်းပေ့ကိုသာ စိုက်ကြည့်နေလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now