Chapter-100

3.3K 338 0
                                    

Zawgyi

လော့ရွှင်းရှယ်ယာရှင်အစည်းအဝေးမှာ လော့ချင်းဟွာက ထင်သလောက်မကျော်ကြားတော့တာကြောင့် အောင့်သက်သက်ဖြစ်လာတော့သည်၊စီးပွားရေးနယ်ပယ်နဲ့ပတ်သတ်ပြီးပြောရရင် လော့ချင်းဟွာက မြင်နိုင်စွမ်းမရှိပေ၊သူမှာ ထက်မြက်တဲ့ဥာဏ်ရည်ရှိလို့ ဝင်ပြောရင်တောင် အခြားလူငယ်တွေက သူ့အကြံကိုဝင်ထောက်ကာ အားနည်းချက်တွေကို ထောက်ပြလာတော့သည်၊ဒါကြောင့် လော့ချင်းဟွာမှာ အကြီးအကဲတွေနဲ့အခြားရှယ်ယာရှင်တွေဆီက အာရုံစိုက်မှုကို မခံရတော့ပေ၊ဒါကြောင့် သူတည်ရှိမှုမှေးမှိတ်လာတော့သည်၊

တစ်ဖက်မှာတော့ လော့ရှန်ဟွာကတော့ လော့ချင်းဟွာနဲ့မတူစွာ လူတိုင်းအလယ်မှာ တောက်ပနေတဲ့ကြယ်တစ်ပွင့်လိုဖြစ်နေတော့သည်၊လော့ရှန်ဟွာရဲ့အကြံပေးမှုများက ရှင်းလင်းပြီးထိရောက်သည်၊လိုရင်းကို တိုက်ရိုက်ရောက်ရုံမက တချို့သောအချက်အလက်များက လူငယ်တစ်ချို့ကိုပင် ဥာဏ်ပွင့်စေတာကြောင့် သူတို့ကမနေနိုင်စွာ ချီကျူးလာရတော့သည်၊

စီးပွားရေးနယ်ပယ်မှာ အခြားသူကိုလွှမ်းမိုးနိုင်မှုရှိတဲ့သူက မုချအောင်မြင်မဲ့သူဖြစ်တာကြောင့် လော့ထန်းရီမှာ သူရဲ့မြေးသမက်ကို သဘောအကျကြီးကျနေတော့သည်၊

'လော့မုမုက သိမ်မွေ့ပြီးအနေအေးပေမယ့် ထက်မြက်တဲ့အမျိုးသမီးဖြစ်တာကြောင့် ဒီကလေးရဲ့ကိုယ်ထဲမှာလည်း သူ့မိခင်သွေးတွေစီးဆင်းနေတာပဲ'

ဆွေးနွေးအကြံပေးမှုများပြီးဆုံးသွားပြီးနောက်မှာတော့ အဓိကအပိုင်းကိုရောက်လာတော့သည်၊လူတိုင်းက တိတ်ဆိတ်နေပြီး ထူးဆန်းတဲ့လေထုမှာ အသက်ရှူရခက်နေတော့ကြသည်၊

ဒါက လော့ရွှင်းရဲ့ဆက်ဆံသူပြိုင်ပွဲကိုး၊ဒီပြိုင်ဆိုင်မှုက နှစ်ဆယ်စုကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ဆက်ခံသူနေရာအတွက် လူတိုင်းကစိတ်လှုပ်ရှားနေတော့သည်၊ဒါက တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့မရပဲ အကြီးအကဲဆယ်ဦးရဲ့ဆုံးဖြတ်ချက်လိုအပ်သည်၊ရှင်းရှင်းပြောရရင် လော့ရှန်ဟွာဆိုရင် ချင်းမုရဲ့အုပ်ချုပ်သူဖြစ်ပြီး တရားဝင်အကြီးအကဲရာထူးကိုမရသေးတာကြောင့် အကြီးအကဲကိုး​ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့သာ ဆက်ခံသူနေရာကို ဆက်လက်သွားရလိမ့်မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now