Chapter-104

3.3K 311 1
                                    

Zawgyi

လော့ရှန်ဟွာက စစ်ကျွင်းဝူဆီကနေ အချက်အလက်သက်သေတွေရပြီးနောက်မှာ သက်ပြင်းချလိုက်မိသည်၊

ဒါက သူတို့မထိတ်လန့်စေဘူးပြောရင် လိမ်ရာကျသွားမှာအမှန်ပေ၊ကျန်းလင်းရှက လော့ကျန်းပေ့ကို စွဲလမ်းနေစိတ်ဟာ အစွန်းရောက်နေသလားတောင်တွေးမိနေပေမယ့် လော့ရှန်ဟွာက မသနားမိပေ၊

ကျန်းလင်းရှက လော့ကျန်းပေ့ကို အရူးအမူးချစ်ရင် သနားမိမှာမှန်ပေမယ့် ကျန်းလင်းရှချစ်တာက လော့ကျန်းပေ့မဟုတ်ပဲ ပြီးပြည့်စုံသောယောက်ျားတစ်ဦးကိုသာဖြစ်သည်၊

"သခင်လေး အပြင်မှာ သခင်လေးလော့ကျန်းရှီရောက်နေပါတယ်၊ သခင်လေးနဲ့တွေ့ချင်လို့တဲ့" အစေခံမိန်းကလေးက လော့ရှန်ဟွာဆီရောက်လာပြီး ရိုရိုသေသေနဲ့ပြောလိုက်သည်၊လော့ရှန်ဟွာလည်း သူ့ကို လော့ကျန်းရှီက ဘာကြောင့်တွေ့ချင်ရတာလည်း သိချင်သွားတာကြောင့် ဧည့်တွေ့ရန် လက်ခံလိုက်သည်၊တအောင့်အကြာမှာတော့ ရိုးရှင်းစွာဝတ်ဆင်ထားတဲ့လော့ကျန်းရှီကိုမြင်လိုက်ရသည်၊လော့ကျန်းရှီဟာ အရပ်ရှည်ပြီး ပိန်သည်၊သူ့မျက်နှာထက်မှာ အပြုံးယဲ့ယဲ့လေးတင်ထားပြီးတော့ ခန့်ညားတဲ့မျက်နှာကို ပိုင်ဆိုင်ထားသည်၊ဒါပေမယ့် လော့ကျန်းရှီရဲ့အနက်ရောင်မျက်ဝန်းများကတော့ လော့ကျန်းပေ့လိုမျိုး တောက်ပပြီးသန်မာမနေပေ၊

လော့ကျန်းရှီက ခန့်ညားပြီးချောပေမယ့် သူ့အရပ်ကရှည်ပြီး ခန္ဓာကိုယ်ကပိန်တာကြောင့် အနည်းငယ်မလိုက်ဖက်သလို ခံစားရသည်၊

"အစ်ကိုလော့ကျန်းရှီက ကျွန်တော့်ကို ဘာလို့တွေ့ချင်ရတာလဲမသိဘူးဗျ"

လော့ကျန်းရှီကလည်း ဝှီးချဲလ်ပေါ်မှာ ထိုင်နေတဲ့လူငယ်လေးကိုကြည့်လိုက်သည်၊ထို့နောက်မှာတော့ သူလည်း ဆိုဖာမှာဝင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်ပြီး အသံသွင်းစက်ကို စားပွဲခုံပေါ်တင်လိုက်သည်၊

"ဒါက မယုံနိုင်စရာကိစ္စပေမယ့်... မင်းကို စတွေ့တည်းက ဒီကိစ္စက အတည်ဆိုတာ ငါယုံလာတာပဲ" လော့ကျန်းရှီစကားကြောင့် လော့ရှန်ဟွာက နားမလည်သလိုဖြစ်သွားပေမယ့် ဘာမှတော့မပြောပေ၊လော့ကျန်းရှီကလည်း စကားကိုဆက်ကာပြောလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Donde viven las historias. Descúbrelo ahora