Chapter-97

3.1K 321 0
                                    

Zawgyi

လော့ကျန်းပေ့က လော့ရှန်ဟွာကို အခန်းထဲပွေ့ချီသွားပြီးနောက်မှာ မွေ့ယာပေါ်တင်သွားပြီး ပြန်လှည့်သွားဖို့လုပ်ချိန်မှာ လော့ရှန်ဟွာက လော့ကျန်းပေ့ရဲ့လက်ကို ဆွဲလိုက်သည်၊

"ဒယ်ဒီ သဝန်တိုနေတာလား..." လော့ရှန်ဟွာက ရယ်ချင်ပေမယ့် အောင့်အီးကာမေးလိုက်တာကြောင့် အသံက အနည်းငယ်တော့ ထူးဆန်းနေသည်၊လော့ကျန်းပေ့ကတော့ လှည့်မကြည့်ပဲ ရပ်နေပေမယ့် လော့ရှန်ဟွာက နေရခက်ဟန်ဖြင့် နားရွက်ထောင့်များနီရဲနေတဲ့လော့ကျန်းပေ့ကိုတွေ့ချိန်မှာ ရယ်မိသွားတော့သည်၊

"ကလေးက ကိုယ့်ကို ရယ်ရက်တယ်ပေါ့" လော့ကျန်းပေ့က မျက်မှောင်ကြီးကြုတ်ကာလှည့်လာပြီး ကုတင်ရှေ့ဒူးတစ်ဖက်ထောက်ကာ ရယ်နေတဲ့လော့ရှန်ဟွာရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်၊

"ဒယ်ဒီက ရှန်လေးကို ကလေးတစ်ယောက်နဲ့သဝန်တိုတာလေ...ဒါက နည်းနည်းတော့ ဟီးဟီး" လော့ရှန်ဟွာက အော်ရယ်လိုက်ချင်ပေမယ့် တဖြေးဖြေးဆူပုပ်လာတဲ့လော့ကျန်းပေ့မျက်နှာကြောင့် အော်ဟစ်မရယ်ရဲတော့ပေ၊

"ကိုယ်က မင်းကို ချစ်တာကိုး...ကလေးမပြောနဲ့ ခွေးနဲ့တောင် သဝန်တိုတယ်ကွာ"

"ဒယ်ဒီက ချစ်စရာကြီး...ဟိဟိ" လော့ရှန်ဟွာက လော့ကျန်းပေ့ရဲ့နူတ်ခမ်းကို ငုံ့ကာနမ်းလိုက်သည်၊သူ့မျက်ဝန်းထဲမှာ ပျော်မြူးရိပ်များပြည့်နေပြီး သူရှေ့ရှိခန့်ညားချောမောတဲ့ယောက်ျားက အတော်ကိုချစ်စရာကောင်းပါလားတွေးနေမိတော့သည်၊

လော့ကျန်းပေ့ကလည်း အခွင့်အရေးကို လက်လွှတ်မည်မဟုတ်ပေ၊သူက လော့ရှန်ဟွာရဲ့ခေါင်းအနောက်ဘက်ကို လက်နဲ့လှမ်းထိန်းရင်း ပြန်နမ်းလိုက်သည် ၊လော့ရှန်ဟွာရဲ့နူးညံအိစက်တဲ့နူတ်ခမ်းများက သူ့အတွက်ပျားရည်လိုချိုမြိန်စေပြီး ပင်လယ်ရေလို ငတ်မပြေလှပေ၊

လော့ရှန်ဟွာမှာ လော့ကျန်းပေ့ရဲ့အနမ်းတွေကြား အသက်ရှူမရဖြစ်လာပြီး ပခုံးများကိုထုကာ ရပ်ဖို့အသံ​ပြုနေတော့သည်၊

ဒါပေမယ့် လော့ကျန်းပေ့က မရပ်တန့်ချင်သေးပဲ လော့ရှန်ဟွာရဲ့လျှာများကို အနည်းငယ်ကလိကာ သုံးစက္ကန့်လောက်ဆက်နမ်းလောက်ပြီးနောက်မှာ လွှတ်ပေးလိုက်တော့သည်၊ လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့နူတ်ခမ်းလေးဆီကနေ သူ့နူတ်ခမ်းကိုခွာလိုက်ချိန်မှာ နှစ်ယောက်လုံးရဲ့အသက်ရှူသံက ပြင်းထန်နေပြီး တစ်ယောက်မျက်နှာတစ်ယောက် လေပူများဟပ်နေကာ နှစ်ယောက်လုံးကစိတ်လှုပ်ရှားနေတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now