Zawgyi
ကျောင်းဆင်းချိန်ရောက်တဲ့အချိန်မှာတော့ လော့အိမ်တော်က ကျောင်းကို လော့ရှန်ဟွာဟာလှမ်းမြင်လိုက်ရတာကြောင့် သူဟာ အခြားသူတွေ နူတ်ဆက်လိုက်ပြီး ကားဆီ သွက်သွက်လက်လက်လျှောက်လှမ်းသွားတော့သည်၊ကားဒရိုင်ဘာဟာလည်း ထွက်လာပြီး နောက်ခန်းတံခါးကို အရိုအသေဖွင့်လိုက်သည်၊
"ဒယ်ဒီရော..." အရင်ကဆို ကားတံခါးဖွင့်လိုက်တာနဲ့လော့ကျန်းပေ့ကို မြင်ရပေမယ့် လက်ရှိအချိန်အခါမှာတော့ ဘယ်သူ့မှကိုမမြင်ရတာကြောင့် လော့ရှန်းဟွာ မျက်နှာညှိုးငယ်သွားတော့သည်၊
ဒရိုင်ဘာကြီးကလည်း သခင်လေးမျက်နှာလေးညှိုးနွမ်းသွားတာမြင်တော့ ခပ်လောလောနဲ့ရှင်းလိုက်ရတော့သည်၊
"သခင်ကြီးက ရှယ်ယာရှင်တွေရဲ့အရေးပေါ်အစည်းအဝေးကြောင့် သခင်လေးကို မကြိုနိုင်ကြောင်း စိတ်မကောင်းမဖြစ်ဖို့ မှာလိုက်ပါတယ်ဗျ"
လော့ရှန်ဟွာလည်းခေါင်းညိတ်လိုက်ပြီး ကားထဲကိုသာဝင်ထိုင်လိုက်တော့သည်၊အခြားသူခန္ဓာကိုယ်ထဲ ကူးပြောင်းပြီးတည်းက လော့ကျန်းပေ့ရဲ့ဂရုစိုက်မှုတွေ နေသားကျနေပြီဖြစ်ပြီး အခုလိုတစ်ရက်လာမကြိုက်တာတွေ့တော့ ရင်ထဲမှာဟာတာတာနဲ့ အတော်ကိုနေရခက်သည်ဟုခံစားနေရသည်၊
လော့အိမ်တော်ကို ပြန်ရောက်ချိန်မှာ ငွေရောင်ကားတစ်စီးနဲ့အနက်ရောင်ကားသုံးစီးကို သတိထားမိသွားတာကြောင့် လော့ရှန်ဟွာလည်း ကားထဲကနေဆင်းလိုက်ပြီး အိမ်တော်ထဲကိုဝင်လာတော့သည်၊ထို့နောက်မှာတော့ အိမ်တော်ထိန်းကို ဘယ်သူတွေရောက်နေတာလည်း မေးလိုက်တော့သည်၊
"မြို့တော်က သခင်ကြီးရဲ့ဝမ်းကွဲညီမရောက်နေတာပါ သခင်လေး"
ဝမ်းကွဲညီမ...၊လော့ချင်းမုမလား သူမက အပျော်အပါးမက်ပြီး လှတဲ့ကောင်လေးတွေကို သဘောကျတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သည်၊System Moon ပေးထားတဲ့လော့ရှန်ဟွာရဲ့အတိတ်ဘဝက မှတ်ဥာဏ်အရဆိုရင် လော့ချင်းမုဟာ ကျန်းလင်းရှကို အသေအလဲကြိုက်ခဲ့ပြီး ကျန်းလင်းရှခိုင်းသမျှကို လုပ်ဆောင်ပေးခဲ့တဲ့သူလည်းဖြစ်သည်၊နောက်တစ်ချက်ကတော့ လော့ချင်းမုဟာ လော့ရှန်ဟွာကို ကြည့်မရပေ၊
DU LIEST GERADE
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomantikZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ