Chapter -66

6.8K 623 12
                                    

Zawgyi

လော့ရှန်ဟွာ နိုးလာချိန်မှာတော့ လော့ကျန်းပေ့အခန်းထဲမှာဆိုတာ သိလိုက်ရသည်၊သူက အပျင်းကြောဆွဲလိုက်ပြီး ထထိုင်ရင်း အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လော့ကျန်းပေ့ကို မတွေ့ရပေ၊

ဘယ်ချိန်တောင်ရှိနေတာလဲ၊လော့ရှန်ဟွာ နာရီကိုကြည့်လိုက်တော့ မနက်နှစ်နာရီတောင် ရှိနေပြီတွေ့လိုက်ရသည်၊ထိုချိန်မှာ အခန်းတံခါးက ပွင့်လာပြီး ညအိပ်ဝတ်စုံဝတ်ဆင်ထားတဲ့လော့ကျန်းပေ့ကို တွေ့လိုက်ရပြီး လော့ရှန်းဟွာက ပျော်ရွှင်စွာ ကုတင်ကနေဆင်းလာတော့သည်၊

"နိုးနေပြီလား"

"ဒယ်ဒီ... ရှန်လေးကို ဘာလို့မနိုးတာလဲ"

"ဟော ဒယ်ဒီ မင်းကို ဒီအပေါ်ထိ ချီလိုက်တာတောင် ကလေးက တစ်ချက်တောင် မနိုးဘူးလေ..."

"ဒါပေမယ့်... "

"ကဲ နွားနို့အရင်သောက်လိုက်ဦး" လော့ကျန်းပေ့က သူယူလာတဲ့နွားနို့ကို ပေးလိုက်တော့ လော့ရှန်ဟွာရဲ့မျက်နှာက ဆူပုပ်သွားတော့သည်၊ဒါပေမယ့် အထွန့်မတက်ရဲတာကြောင့် သည်းခံပြီးသောက်လိုက်သည်၊

"ပြန်အိပ်လိုက်ဦး" လော့ကျန်းပေ့စကားကြောင့် လော့ရှန်ဟွာက သက်ပြင်းချလိုက်ပြီး " ရှန်လေး မျက်စိကိုလည်းကြည့်အုံး ဇီးကွက်တောင် ရှန်လေးလောက် ပြူးနေမှာမဟုတ်ဘူး..." လို့ပြောလိုက်တော့ လော့ကျန်းပေ့က ခပ်တိုးတိုးရယ်လာပြီး လော့ရှန်ဟွာရဲ့ခေါင်းကို ပွပွလေးပုတ်လိုက်သည်၊

"စာလုပ်မလား ကလေးနားမလည်တဲ့စာတွေကို ကိုယ့်ကိုမေးလို့ရတယ်လေ..."

"မလိုပါဘူး ရှန်လေးက စာတော်ပြီးသား..."

"အိုး..." မသင်္ကါတဲ့လော့ကျန်းပေ့အသံကြောင့် လော့ရှန်ဟွာမကျေမနပ်ဖြစ်သွားတော့သည်၊မူလလော့ရှန်ဟွာက စာညံ့တာလေ၊ဒါပေမယ့် သူ့အတွက် အထက်တန်းအဆင့်ကျောင်းစာဆိုတာ လွယ်လွယ်လေးဟာကို၊

"ဒါဆို ဘေးလာထိုင်နေလေ ဒယ်ဒီ အလုပ်လုပ်လိုက်အုံးမယ်" လော့ကျန်းပေ့က ပြောလိုက်ပြီးနောက်မှာ စာရွက်စာတမ်းတစ်ချို့နဲ့အလုပ်များနေတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Donde viven las historias. Descúbrelo ahora