Zawgyi
လော့ရှန်ဟွာ လေးပင်နေတဲ့မျက်လုံးများကို ဖွင့်လိုက်ပြီး အဖြူရောင်မျက်နှာကြပ်ကို ကြည့်လိုက်ပြီးနောက်မှာ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်၊
အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး ခုံမှာထိုင်ကာ လက်တော့ပ်တစ်လုံးနဲ့အလုပ်များနေတဲ့ယောက်ျားကိုမြင်တော့ လော့ရှန်ဟွာရဲ့မျက်လုံးများက ပြုံးသွားပြီးတောက်ပသွားတော့သည်၊ဒါကြောင့် သူက နူတ်ခမ်းများဖွင့်ဟကာ စကားပြောရန်အလုပ်မှာ အသံမထွက်လာပေ၊သူက လက်များကို လှုပ်ရှားလိုက်ပြီး လော့ကျန်းပေ့ရှိရာကို လက်လှမ်းလိုက်သည်၊
ထို့နောက်မှာ လော့ရှန်ဟွာက လော့ကျန်းပေ့ကို လှမ်းကြည့်လိုက်ချိန်မှာ လော့ကျန်းပေ့ကလည်း သူ့ကို ကြောင်အစွာကြည့်နေတော့သည်၊လောကျန်းပေ့ရဲ့ကီးဘုတ်မှာပြေးလွှားနေတဲ့လက်တွေက ရပ်တန့်သွားပြီး သူက ချက်ချင်းထကာ အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပြီးနောက် လော့ရှန်ဟွာနားသွားကာ ဆံပင်များကို သပ်တင်ပေးရင်း
"မသက်သာတဲ့နေရာရှိလား ကလေးလေး"
လော့ရှန်ဟွာက ခေါင်းခါလိုက်ပြီး ရေသောက်ချင်ကြောင်း အသံပြုလိုက်သည်၊ဒါကြောင့် လော့ကျန်းပေ့က အနီးနားက ရေခရားထဲကရေကို ဖန်ခွက်ထဲထည့်လိုက်ပြီး လော့ရှန်ဟွာကို တိုက်လိုက်သည်၊ဒါပေမယ့် တုန်နေတဲ့လော့ကျန်းပေ့လက်များကြောင့် လော့ရှန်ဟွာက နားမလည်ဟန်ဖြစ်သွားတော့သည်၊ကြည့်ရတာ ယာဉ်တိုက်မှုက လော့ကျန်းပေ့ကို အတော်ကို ထိတ်လန့်စေပုံရသည်၊
"ဒယ်ဒီ..." လော့ရှန်ဟွာက လော့ကျန်းပေ့ကိုခေါ်လိုက်သည်၊လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့မျက်လုံးများကို စိုက်ကြည့်ရင်း မျက်လုံးများကို ငုံ့ကာနမ်းလာတော့သည်၊ကလေးလေးရဲ့မျက်ဝန်းပြာများကို လွမ်းဆွတ်နေခဲ့တာကြာပြီ ဖြစ်သည်၊
"ပျော်ရွှင်စရာ ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဖြစ်ပါစေ ကလေးလေး"
လော့ရှန်ဟွာက ကြောင်အစွာဖြင့် လော့ကျန်းပေ့ကို မော့ကြည့်လိုက်သည်၊တစ်ခုခု မှားနေတယ်မထင်ဘူးလားဟင်၊
YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ