Chapter-98

3.3K 341 0
                                    

Zawgyi

ရှယ်ယာအစည်းအဝေးကျင်းပမည့်နေ့ကိုရောက်လာချိန်မှာတော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို အဝတ်အစားများ ကူဝတ်ပေးနေရင်း ပါး​လေးကို နမ်းလိုက်သည်၊

"ဒီနေ့ စိတ်မလှုပ်ရှားနဲ့နော်"

"သိပါတယ် ဒယ်ဒီ" လော့ရှန်ဟွာက ပြုံးလိုက်ပြီး နက်ကတိုင်ကို တည့်အောင်သေချာပြင်လိုက်သည်၊ဒါပေမယ့် စိတ်ထဲမှာတော့ အနည်းငယ်စိတ်လှုပ်ရှားနေတာအမှန်ပေ၊

"သွားရအောင်" လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့လက်စွပ်ဝတ်ထားတဲ့လက်လေးကို ဖွဖွလေးဆုပ်ကိုင်လိုက်ပြီး​နောက်မှာ ပွေ့ချီလိုက်ပြီး အောက်ထပ်ကိုဆင်းလာ​တော့သည်၊

"လိုက်ဖက်လိုက်တာ..." အန်တီယင်နဲ့အစေခံမလေးတွေက ပြုံးရယ်ရင်းပြောလိုက်သည်၊သခင်​လေးတို့ရဲ့ဆက်ဆံရေးကို သိတုန်းက အနည်းငယ်အံ့အောသွားပေမယ့် သူ(မ)တို့ရဲ့သခင်လေးနှစ်ယောက်မခွဲရတာကိုသိတော့ ပျော်ရွှင်မိသည်၊

ထို့​နောက်မှာတော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို ကားထဲထည့်လိုက်ပြီး အန်တီယင်တို့ကို နူတ်ဆက်ကာထွက်သွားတော့သည်၊

အစည်းအဝေးကျင်းပမည့်နေရာဟာ ပင်မစံအိမ်တော်ကြီးမှာဖြစ်ပြီး လော့ကျန်းပေ့တို့ကားက စံအိမ်ရှေ့မှညရပ်တန့်သွားချိန်မှာ သွားလာလှုပ်ရှားနေတဲ့သူတွေရဲ့အကြည့်က ကားဆီကိုရောက်လာတော့သည်၊

"ဒါက လော့အိမ်တော်ကနေ ထွက်သွားတဲ့သခင်လေးလော့ကျန်းပေ့မလား"

"ဟုတ်တယ် သူက Sမြို့တော်မှာ ကိုယ်ပိုင်စီးပွားရေးနဲ့အခြေကျနေပြီး လော့ရွှင်းရဲ့ကြွယ်ဝမှုကိုတောင် ယှဉ်နိုင်တယ်လို့ ဂျာနယ်တွေမှာတောင် ဖော်ပြထားသေးတယ်"

"ဒါက ကောလဟာလသပ်သပ်ပဲဆိုရင်တောင် အကြီးအကဲတွေက လော့ကျန်းပေ့ရဲ့နောက်တက်မဲ့ဆက်ခံသူအဖြစ် ရွေးချယ်ထားတာ သိသာလွန်းပါတယ်...မဟုတ်ရင် ဆက်ခံသူဟောင်းဖြစ်တဲ့လော့ထန်းပေ့ဆုံးပါးထဲက ဆက်ခံသူနေရာက လစ်လပ်နေမှာမဟုတ်ဘူးလေ"

"ဘယ်သူသိမှာလဲ လော့ဖုတို့ကလည်း ဆက်ခံသူနေရာအတွက် တိုက်ခိုက်နေတာပဲလေ ပြီးတော့ လော့ရွှင်းက တချို့သူတွေကလည်း လော့ဖုတို့ကို ထောက်ခံကြတာပဲ"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now