Chapter-95

4.4K 381 10
                                    

Zawgyi

နောက်တစ်ပတ်ရောက်ချိန်မှာတော့ လော့ကျန်းပေဘက လော့ရှန်ဟွာကိုခေါ်ကာ Aမြို့တော်ကြီးကိုခေါ်လာတော့သည်၊ဒါက လော့ကျန်းပေ့နဲ့လော့ရှန်ဟွာရဲ့ဇာတိမြို့ဖြစ်သည်၊

လော့ကျန်းပေ့က လော့ရွှင်းလို့ခေါ်တဲ့ရပ်ကွက်ကိုခေါ်လာတော့သည်၊ထိုရပ်ကွက်မှာ လော့မိသားစုဝင်များနဲ့လော့မိသားစုဆီမှာအလုပ်အကျွေးပြုနေတဲ့သူများသာနေထိုင်ပြီး အပြင်လူတွေကို ခြေချခွင့်မပြုပေ၊

လော့ရွှင်းရပ်ကွက်က တိတ်ဆိတ်ပြီး အိပ်တွေကဆင်တူယိုမှားဖြစ်နေပေမယ့် အဓိကလော့အိမ်တော်ကြီးကတော့ နန်းတော်လိုမျိုး ခမ်းနားလှသည်၊လော့ချင်းယောင်က အရေးပေးခံရတဲ့လော့မိသားစုဝင်ဖြစ်တာကြောင့် အဓိကလော့အိမ်တော်ကြီးရဲ့အနီးနားမှာ စံအိမ်တစ်လုံးကို ပိုင်ဆိုင်ခွင့်ရထားသည်၊လော့ကျန်းပေ့နဲ့လော့ရှန်ဟွာက အဲစံအိမ်မှာ တည်းခိုရန်စီစဉ်ထားသည်၊

လော့ချင်းယောင်ရဲ့စံအိမ်ကို ချင်းမုလို့ပေးထားပြီး အဓိပ္ပါယ်ကတော့ Aucuba japonica လို့ခေါ်တဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာပေါက်​လေ့ပေါက်ထရှိတဲ့အပင်တစ်မျိုးကိုကိုယ်စားပြုထားသည်၊ထိုအပင်က ဖို၊မအပင်နီးစပ်နေပါက သူတို့ရဲ့ချစ်ခြင်းမေတ္တာက ပိုမိုနီးစပ်လာပြီး အမပင်က လှပတဲ့ပန်းပွင့်များဖူးပွင့်ပေးရုံမက ဆောင်းရာသီမှာ လှပတဲ့အနီရောင်အသီးကိုပါ သီးပွင့်လာသည်၊

ဒါကြောင့် လော့ချင်းယောင်က စံအိမ်တော်ကို ချင်းမုလို့ပေးခဲ့ခြင်းဖြစ်သည်၊ဒါက အနည်းငယ်ကဗျာဆန်တယ်လို့ပင် လော့ရှန်ဟွာခံစားနေရသည်၊

ချင်းမုအိမ်တော်မှာ အထိန်းတော်အဘွားအိုနဲ့အသက်လေးဆယ်နားစွန်းနေတဲ့အစေခံမိန်းကလေးငါးဦးနဲ့ခြံစောင့်အဘိုးအိုသာရှိသည်၊သူတို့က လော့ချင်းယောင်လက်ထပ်ထဲ ချင်းမုအိမ်တော်မှာ အလုပ်လုပ်နေတဲ့သူတွေရှိပြီး လော့ချင်းယောင်သေဆုံးသွားခဲ့သော်လည်း အိမ်တော်မှာဆက်ဘက်နေထိုင်ကာ ကိုယ့်တာဝန်ကိုယ်ထိန်းသိမ်းသူများဖြစ်သည်၊

ယခုတော့ ချင်းမုအိမ်တော်ကို ပိုင်ရှင်အသစ်တွေရောက်လာပြီဖြစ်တာကြောင့် ချင်းမုအိမ်တော်က အလုပ်သမားတွေကတက်ကြွပြီးစိတ်လှုပ်ရှားနေကြတော့သည်၊ထိုချိန်မှာ ခြံဝန်းထဲကို ကားသုံးစီးဝင်လာတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Wo Geschichten leben. Entdecke jetzt