Zawgyi
ကျောင်းရဲ့ပြဿနာက ကျောင်းမှာသာပြီးသွားပြီးနောက်မှာ မုချန်းရုံကလည်း ကျောင်းနားခံလိုက်ရပြီး ပုံမှန်ရက်တွေလို ပြန်အေးချမ်းသွားတော့သည်၊
အပြည့်အဝတော့ အေးချမ်းတယ်လို့ဆိုလိုလို့မရပေ၊ဘာကြောင့်လဲဆိုတော့ ကျန်းလင်းရှကိုယ်တိုင် လော့ရှန်ဟွာဆီရောက်လာလို့ဖြစ်သည်၊
ကျန်းလင်းရှက ဂျူနီယာကျောင်းဆောင်ကို ရောက်လာပြီး လော့ရှန်ဟွာကိုတွေ့ခွင့်တောင်းလာတော့သည်၊ပထမက ကျန်းလင်းရှက လော့ရှန်ဟွာဆီ ကိုယ်တိုင်လာမဖိတ်ချင်ပေမယ့် ဂျူနီယာတန်းမှာ သူ့ကိုကြွေဆင်းနေတဲ့ကျောင်းသားတွေများတာကြောင့် လော့ရှန်ဟွာနဲ့သူက ဘယ်လောက်ကွာခြားလဲဆိုတာ မျက်မြင်ကိုယ်တွေ့မြင်စေချင်သည်၊
ဒါပေမယ့် သူ့အတွေးတွေက မှားယွင်းသွားကြောင်း ကျန်းလင်းရှသိသွားတော့သည်၊လော့ရှန်ဟွာကလည်း ဂျူနီယာကျောင်းဆောင်မှာ လူသိများနေပြီး အတန်း(B)က ကျောင်းသားတွေဆို လော့ရှန်ဟွာရဲ့အမာခံပရိသတ်လေးတွေသာဖြစ်သည်၊ ကျန်းလင်းရှလာတာမြင်တော့ သာမန်လျှံသာကြည့်လိုက်ပြီး သူတို့က လော့ရှန်ဟွာကိုသာ မျက်လုံးရွဲကြီးတွေနဲ့လိုက်ကြည့်နေကြတော့သည်၊
"ဘာကိစ္စလဲ" လော့ရှန်ဟွာက ကျန်းလင်းရှကို ကြည့်ရင်းမေးလိုက်သည်၊ကျန်းလင်းရှက ပြုံးလိုက်ပြီးနောက်မှာ ဖိတ်စာတစ်စောင်ကို လော့ရှန်ဟွာကိုပေးလိုက်သည်၊
"ငါ့ချစ်သူက အားမှာမဟုတ်ဘူး" လော့ရှန်ဟွာရဲ့အငြင်းစကားထက် 'ငါ့ချစ်သူ'ဆိုတဲ့စကားကြောင့် ကျန်းလင်းရှရဲ့မျက်လုံးများက ဒေါသရိပ်များဖြတ်သန်းသွားပြီးနောက်မှာ ပြန်ထိန်းလိုက်ပြီး လိုရင်းသာပြောလိုက်သည်၊
"မင်းကို ဖိတ်ချင်လို့လေ "
"တဆိတ်လောက် ခင်ဗျားနဲ့ကျွန်တော် သိလို့လား...ဒါမှမဟုတ် ခင်ဗျားရဲ့ဦးနှောက်ထဲ အီးတွေနဲ့ပြည့်နေတာလား"
"ဘာပြောတယ်!" လော့ရှန်ဟွာစကားကြောင့် ကျန်းလင်းရှအမူအရာကစိတ်တိုသွားပြီး အသံပင်ကျယ်သွားသည်၊
YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ